အဖမ်းခံရန် တရားသူကြီးအမိန့်

April 7, 2018

အဖမ်းခံရန် တရားသူကြီးအမိန့် ဘရာဇီးသမ္မဟောင်း ဖီဆန်

ဘရာဇီးသမ္မတဟောင်း လူလာဟာ ဧပြီ ၆ ရက်နေ့က တရားသူကြီးရဲ့ ကိုယ်တိုင်လာရောက် အဖမ်းခံဖို့အမိန့်ကို ဖီဆန်ခဲ့ပါတယ်။ သမ္မတဟောင်း လူလာဟာ လာဘ်ပေးလာဘ်ယူမှုနဲ့ ထောင်ဒဏ် ၁၂ နှစ် စတင်ကျခံဖို့ တရားသူကြီးက အမိန့်ချမှတ်ခဲ့တာပါ။ ဒါပေမယ့် လူလာရဲ့ရှေ့နေတွေက အဖမ်းခံရေးကိစ္စနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။ တကယ်လို့ ရဲတပ်ဖွဲ့က လူလာကို အတင်းအကြပ်ဖမ်းဆီးဖို့ ကြိုးပမ်းမယ်ဆိုရင် လူလာထောက်ခံသူတွေနဲ့ ပဋိပက္ခ ဖြစ်နိုင်တယ်လို့ ဆောပေါလို ရဲတပ်ဖွဲ့က ပြောပါတယ်။ လူလာရဲ့ ရှေ့နေတွေက အယူခံဝင်ခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ ရှိသေးတယ်လို့ ပြောကြားပြီး အခုအမှုဟာ လူလာကို သမ္မတရွေးကောက်ပွဲ မ၀င်ရောက်နိုင်အောင် ကြိုးပမ်းတာလို့ ကာကွယ်ပြောကြားခဲ့ပါတယ်။ တရားသူကြီးရဲ့ဆုံးဖြတ်ချက်ဟာ သမ္မတဟောင်း လူလာရဲ့ နိုင်ငံရေးဘ၀ကို အဆုံးသတ်ဖွယ်ရှိပြီး လာမယ့်အောက်တိုဘာ ရွေးကောက်ပွဲအတွက် ထိုးနှက်ချက်ဖြစ်နိုင်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
Up