အပြောင်းအရွှေ့

A d v e r t i s e m e n t With Us

January 23, 2021

ကစားသမားအပြောင်းအရွှေ့ ဆုံးဖြတ်ခွင့်မရှိဟု ကလော့ပ်ဝန်ခံ

ကစားသမားအပြောင်းအရွှေ့မှာ ဆုံးဖြတ်ချက်ချနိုင်တဲ့သူ မဟုတ်ကြောင်း လီဗာပူးနည်းပြ ယာဂန်ကလောပ်က ဝန်ခံလိုက်ပါတယ်။ လီဗာပူးအသင်းဟာ နောက်ခံလူတွေ ဒဏ်ရာပြဿနာရှိနေခဲ့ပေမဲ့ လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ခြင်း မရှိသေးတာပါ။  “ကစားသမား မခေါ်တာက ကျနော့် ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ လူတချို့က အပြောင်း အရွှေ့မှာ လှုပ်ရှားသင့်တယ်လို့ ထင်ခဲ့ရင် အပြောင်းအရွှေ့ဈေးကွက်မှာ လူဝယ်မလား၊ မဝယ်ဘူး လားဆိုတာ ဆုံးဖြတ်ချက် မချမှတ်နိုင်ပါဘူး။ ဒါက တကယ့်ကို ရှင်းလင်းလွန်းပါတယ်။” လို့ ကလော့ပ်က ပြောပါတယ်။ လီဗာပူးအသင်းဟာ ရာသီအစပိုင်းကတည်းက ထွက်ခွာသွားတဲ့ လိုဗရန်ရဲ့နေရာမှာ နောက်ခံလူသစ်တွေ ဝယ်ယူဖို့ တိုက်တွန်းမှုတွေ ရှိခဲ့ပေမဲ့ ကစားသမားသစ် ထပ်မခေါ်ခဲ့တာပါ။ လက်ရှိ အချိန်မှာလည်း ဘိုင်ယန်နောက်ခံလူ ဒေးဗစ်အလာဘာ၊ ရှော်ကေးနောက်ခံလူ အိုဇန်ကာဘက်၊ လိုက်ဇစ်နောက်ခံလူ အူပါမီကာနို၊ ဘရိုက်တန်နောက်ခံလူ ဘင်ဝှိုက်တို့နဲ့ သတင်းထွက်နေပေမဲ့ အပြောင်းအရွှေ့မဖြစ်ပေါ်လာသေးတာပါ။
6 days Ago

December 21, 2020

တိုက်စစ်မှူး ဒိုင်ဘာလာ၏ အပြောင်းအရွှေ့ သတင်းကို ဂျုဗီနည်းပြ ပယ်ချ

အာဂျင်တီးနား တိုက်စစ်မှူး ဒိုင်ဘာလာရဲ့ အပြောင်းအရွှေ့နဲ့ ပက်သက်လို့ ဂျုဗင်တပ်နည်းပြ ပီယာလိုက ပယ်ချလိုက်ပါတယ်။  တိုက်စစ်မှူး ဒိုင်ဘာလာကို မန်ချက်စတာယူနိူက်တက်အသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေတာပါ။  ဂျုဗင်တပ်နည်းပြ ပီယာလိုကတော့ ဒိုင်ဘာလာဟာ သူ့ရဲ့ အနာဂတ်အစီအစဉ်တွေထဲမှာ ပါဝင်သူ ဖြစ်တယ်လို့ ဆိုထားပါတယ်။  အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီရာသီမှာ ကစားခွင့်ရတဲ့ ၁၂ ပွဲမှာ ၂ ဂိုး သွင်းယူထားပါတယ်။  ဒိုင်ဘာလာဟာ စီးရီးအေ ချန်ပီယံ ဂျုဗင်တပ်အသင်းအတွက် ပွဲပေါင်း ၂၄၀ ကစားပေးထား ရာမှာ ၉၇ ဂိုး သွင်းယူထားပါတယ်။  သူဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက်တော့ ၂၉ ပွဲ ကစားပေးထားပါတယ်။
1 month Ago
More News
Up