အပြုအမူ

January 7, 2023

ကစားသမားများ၏အပြုအမူကို မထိန်းနိုင်သည့် စွဲချက်ဖြင့် အာဆင်နယ် အရေးယူခံရ

အာဆင်နယ်အသင်းဟာ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ ကစားသမားတွေကို ထိန်းသိမ်းနိုင်စွမ်းမရှိ ဘူးဆိုတဲ့ စွဲချက်နဲ့ အက်ဖ်အေက အရေးယူဖို့ရှိနေပါတယ်။

အဲဒီပွဲစဉ်မှာ ပင်နယ်တီမပေးခဲ့တာနဲ့ ပတ်သက်ပြီး အာဆင်နယ်ကစားသမားတွေက ကွင်းလယ်ဒိုင် အန်ဒီမက်ဒလေကို ဝိုင်းဝန်းစောဒကတက်ခဲ့ကြတာပါ။

ပွဲချိန် ၉၅ မိနစ်မှာ ကွင်းလယ်လူ ချာကာရဲ့ ဖြတ်တင်ဘောဟာ နယူးကာဆယ်ကစားသမား ဂျက်ကော့မာဖီရဲ့ လက်နဲ့ထိခဲ့ပေမယ့် ပင်နယ်တီမပေးခဲ့တဲ့အပေါ် အာဆင်နယ်ကစားသမားတွေက အပြင်းအထန်စောဒကတက်ခဲ့ကြတာပါ။

အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကစားသမားတွေကိုထိန်းသိမ်း နိုင်စွမ်းမရှိဘူးဆိုတဲ့စွပ်စွဲချက်နဲ့ အာဆင်နယ်ကို အရေးယူဖို့ အက်ဖ်အေကဆုံးဖြတ်ခဲ့တာပါ။

အာဆင်နယ်အသင်းအနေနဲ့ ဇန်နဝါရီ ၁၀ ရက်မတိုင်ခင် အက်ဖ်အေကို ဖြေရှင်းချက်ပေးရမှာဖြစ်ပြီး ဒဏ်ကြေးချမှတ်ခံရဖို့ရှိနေပါတယ်။

2 months Ago

October 25, 2020

မက်ဂွိုင်းယား၏အပြုအမူ ပင်နယ်တီပေးသင့်ဟု အီဗရာနှင့် ဟတ်ဆယ်ဘိန့်ခ် သုံးသပ်

ချဲလ်ဆီးနောက်ခံလူ အက်ဇ်ပီလီကျုတာကို မက်ဂွိုင်းယားက ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ပင်နယ်တီ ပေးသင့်တယ်လို့ အီဗရာနဲ့ ဟက်ဆယ်ဘိန့်ခ်တို့က သုံးသပ်ပါတယ်။  မန်ယူနဲ့ ချဲလ်ဆီး ဂိုးမရှိ သရေကျခဲ့တဲ့ပွဲစဉ်မှာ မန်ယူနောက်ခံလူ မက်ဂွိုင်းယားက ချဲလ်ဆီး နောက်ခံလူ အက်ဇ်ပီလီကျူတာကို ပင်နယ်တီဧရိယာထဲမှာ ဆွဲလှဲခဲ့တာပါ။ မက်ဂွိုင်းယားဟာ  အက်ဇ်ပီလီကျူတာရဲ့ လည်ပင်းနဲ့ လက်မောင်းကို ဆွဲလှဲခဲ့ပေမယ့် ဒိုင်လူကြီးက ပင်နယ်တီမပေးခဲ့တဲ့အပေါ်မှာ  အီဗရာနဲ့ ဟတ်ဆယ်ဘိန့်ခ်တို့က စကိုင်းစပေါ့ကနေ ဝေဖန်ခဲ့ကြတာပါ။  ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဟတ်ဆယ်ဘိန့်ခ်ကတော့ မက်ဂွိုင်းယားရဲ့ အပြုအမူဟာ ၁၀၀ ရာခိုင်နှုန်း ပင်နယ်တီပြစ်ဒဏ်ဖြစ်ပြီး ရုပ်သံကနေ သေချာပြန်ကြည့်မယ်ဆိုရင် မက်ဂွိုင်းယားက အက်ဇ်ပီလီကျူတာ ခုန်လို့မရအောင် တားဆီးခဲ့ပြီး သူ့ရဲ့ ကိုယ်အလေးချိန်နဲ့ ဖိထားခဲ့တာ ဖြစ်တယ်လို့ ဟတ်ဆယ်ဘိန့်ခ်က သုံးသပ်ပါတယ်။  မန်ယူနိုက်တက် နောက်ခံလူဟောင်း အီဗရာကလည်း ပင်နယ်တီပေးသင့်တယ်လို့ သုံးသပ်ခဲ့ပြီး နပန်းပွဲတွေကို ကြည့်နေကြဖြစ်ပြီး အဲဒီအပြုအမူဟာ ချဲလ်ဆီးအတွက် ပင်နယ်တီ ရသင့်တယ်ဆိုတာ ရှင်းလင်းကြောင်း သုံးသပ်ပါတယ်။ 
2 years Ago
Up