အပြီးသတ်စစ်

A d v e r t i s e m e n t With Us

June 8, 2020

ဒေးဗစ်လားအမှု ရက်ပေါင်း ၉၀ အတွင်း အပြီးသတ်စစ်မည်

ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းပိုင်ရှင် ဦးဝေထွန်းတို့ အမှုဟာ အများပြည်သူစိတ်ဝင်စားနေပြီး အရေးကြီးတဲ့အတွက် ရက်ပေါင်း ၉၀ အတွင်း အပြီးသတ်စစ်မယ်လို့ မရမ်းကုန်းမြို့နယ်တရားသူကြီး ဦးမိုးဆွေက ပြောပါတယ်။ သူတို့ဟာ သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ တရားစွဲခံထားရတာ ဖြစ်ပြီး မရမ်းကုန်းမြို့နယ် တရားရုံးမှာ ဒီနေ့ ဇွန် ၈ ရက်နေ့က တတိယမြောက်ရုံးချိန်းနဲ့ စစ်ဆေးခဲ့ပါတယ်။ ဒီနေ့မှာ တရားလိုနဲ့ တရားလိုပြသက်သေ ၂ ယောက်ကို တရားရုံးက စတင်စစ်ဆေးခဲ့ပါတယ်။ ဒီအမှုအတွက် တရားလိုအပါအဝင် တရားလိုပြသက်သေ ၁၄ ယောက်အထိ တရားရုံးကို တင်သွင်းထားပြီး စစ်ဆေးသွားမှာပါ။ ဇွန် ၃ ရက်နေ့ ဒုတိယရုံးချိန်းတုန်းက စောဒေးဗစ်လား နဲ့ ဦးဝေထွန်းတို့က အာမခံတင်သွင်းခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့ပါတယ်။ ဒီနေ့မှာ တရားလိုဖြစ်သူ မရမ်းကုန်းမြို့နယ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလိုသက်သေ ဗီဒီယိုဖိုင်တွေတင်သွင်းခဲ့ပြီး တရားရုံးက သက်သေအဖြစ်လက်ခံခဲ့ပါတယ်။ တရားဟောဆရာ စောဒေးဗစ်လားနဲ့အဖွဲ့ဟာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံတွေအရ ဘာသာရေးအခမ်းအနားတွေ၊ လူစုလူဝေးပွဲတွေ မပြုလုပ်ဖို့ သက်ဆိုင်ရာက ထုတ်ပြန်ထားတဲ့အမိန့်ကို မလိုက်နာတဲ့အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ အမှုဖွင့် တရးစွဲခံထားရတာပါ။
9 months Ago
Up