အပြီးသတ်ခေါ်

January 14, 2021

မန်ယူနောက်ခံလူ ဖိုဆူမန်ဆက်ကို ပေါင် ၁ ဒသမ ၈ သန်းဖြင့် လီဗာကူဆင် အပြီးသတ်ခေါ်

မန်ယူလူငယ်နောက်ခံလူ ဖိုဆူမန်ဆက်ဟာ ဂျာမန်ကလပ် လီဗာကူဆင်အသင်းဆီကို ပေါင် ၁ ဒသမ ၈ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့သွားပါတယ်။ အသက် ၂၃ နှစ်ရှိ ဟော်လန်နောက်ခံလူ ဖိုဆူမန်ဆက်ဟာ ယူနိုက်တက်အသင်းရဲ့ ၃ နှစ် စာချုပ်နဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး ပွဲထွက်ခွင့်ရနိုင်တဲ့ လီဗာကူဆင် အသင်းဆီပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။  လီဗာကူဆင်နဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး အကောင်းဆုံးအသင်း တစ်သင်းဆီ ပြောင်းရွှေ့ခွင့်ရလို့ စိတ်လှုပ်ရှားမိတယ်လို့ ဖိုဆူမန်ဆက်က ပြောပါတယ်။  ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက အသင်းနည်းပြအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးခဲ့ပြီး အသင်း အတွက်ရော မိမိအတွက်ပါ အလားအလာကောင်းတွေရှိတာကြောင့် ပြောင်းရွှေ့ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဖိုဆူမန်ဆက်က ပြောပါတယ်။  ၂၀၁၄ ခုနှစ် နည်းပြဗန်းဟားလ်လက်ထက်က  အေဂျက်ဇ်အကယ်ဒမီကနေ ခေါ်ယူခဲ့တဲ့ ဖိုဆူမန်ဆက်ဟာ ယူနိုက်တက်အတွက်စုစုပေါင်း ပွဲ ၃၀ ကစားခဲ့ပြီး ခရစ္စတယ်ပဲလေ့၊ ဖူဟမ် အသင်းတွေမှာလည်း ၃၇ ပွဲ အငှားထွက်ကစားခဲ့ပါသေးတယ်။ 
2 years Ago
Up