အပြာရောင်ကမ္ပည်းပြား

February 18, 2020

Inya Lake Hotel တွင် အပြာရောင် ကမ္ပည်းပြားတပ်ဆင်

စစ်ပြီးခေတ် မော်ဒန်ဗိသုကာလက်ရာ ပြယုဂ်တခုဖြစ်တဲ့ ရန်ကုန်မြို့ရှိ Inya Lake Hotel မှာ ၃၆ ခုမြောက် အပြာရောင်ကမ္ပည်းပြားကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့က တပ်ဆင်လိုက်ပါတယ်။  အပြာရောင်ကမ္ပည်းပြားတွေကို ရန်ကုန်မြို့မှာရှိတဲ့ အမွေအနှစ်ဆိုင်ရာ အဆောက်အအုံတွေ၊ နေရာတွေမှာ အမှတ်အသားတခုအနေနဲ့ တပ်ဆင်နေတာ ဖြစ်ပါတယ်။  ပြည်သူတွေအနေနဲ့ သမိုင်းဝင်အဆောက်အဦတွေ၊ နေရာတွေကို ပိုမိုတန်ဖိုးထားထိန်းသိမ်း တတ်လာစေဖို့နဲ့ လူသိနည်းတဲ့အဆောက်အဦတွေကို လူအများသိလာစေဖို့အတွက် အပြာရောင် ကမ္ပည်းပြားတွေကို တပ်ဆင်နေတာလည်းဖြစ်ပါတယ်။  အင်းလျားကန်စောင်းမှာရှိတဲ့ Inya Lake Hotel ကို ၁၉၅၅ ခုနှစ်နဲ့ ၁၉၆၂ ခုနှစ်ကြားမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ရန်ကုန်မြို့မှာ အထင်ရှားဆုံးဟိုတယ်တခု ဖြစ်သလို စစ်ပြီးခေတ် မော်ဒန်ဗိသုကာလက်ရာပြယုဂ်တခု အနေနဲ့ ထိန်းသိမ်းရမယ့် အဆောက်အအုံတခု ဖြစ်တဲ့အတွက် အပြာရောင်ကမ္ပည်းပြားကို တပ်ဆင်ခဲ့တာဖြစ်ပါတယ်။  Inya Lake Hotelကို ရုရှားဗိသုကာတွေ၊ အင်ဂျင်နီယာတွေ၊ အတတ်ပညာရှင်တွေရဲ့ ကျွမ်းကျင်မှုနဲ့ နည်းပညာတွေကို သရုပ်ပြသဖို့ ဆောက်လုပ်ခဲ့တာဖြစ်ပြီး အဲဒီခေတ်က အရှေ့တောင်အာရှမှာ ခေတ်အမီဆုံးဟိုတယ်တခု ဖြစ်ပါတယ်။ အပြာရောင်ကမ္ပည်းပြား တပ်ဆင်မှုတွေကိုတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနဲ့ အလှူရှင်တွေရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ ရန်ကုန်မြို့ပြ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ကနေ တပ်ဆင်နေတာဖြစ်ပါတယ်။  Inya Lake Hotel ကို အပြာရောင်ကမ္ပည်းပြားတပ်ဆင်တဲ့ အခမ်းအနားကို ဒုတိယမြို့တော်ဝန်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်မြို့ပြ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
2 years Ago

September 28, 2019

ရှေးဟောင်းအဆောက်အအုံ Yangon Excelsior Hotel ကို အပြာရောင်ကမ္ပည်းပြား တပ်ဆင်

နှစ်ပေါင်း ၉၀ နီးပါးရှိပြီးဖြစ်တဲ့ သမိုင်းဝင်ရှေးဟောင်းအဆောက်အအုံ Yangon Excelsior Hotel ကို ၃၃ ခုမြောက်အဖြစ် အပြာရောင်ကမ္ပည်းပြားအဖြစ် တပ်ဆင်ခဲ့ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့က ပူးပေါင်းပြီး စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းက ဟိုတယ်တည်ရှိတဲ့ ပန်းဘဲတန်းမြို့နယ် ဗိုလ်ဆွန်ပက်လမ်းမှာ အပြာရောင်ကမ္ပည်းပြား တပ်ဆင်တဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။  အပြာရောင်ကမ္ပည်းပြား တပ်ဆင်တာကတော့ ရန်ကုန်မြို့က ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံတွေကို လူတွေသိရှိကာ တန်ဖိုးထားတတ်စေဖို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မျိုးဆက်သစ်တွေအနေနဲ့ သမိုင်းဝင်အဆောက်အအုံတွေအကြောင်း လေ့လာနိုင်ဖို့ အပြာရောင်ကမ္ပည်းပြား တပ်ဆင်တာလို့ ဆိုပါတယ်။  ၃၄ ခုမြောက် အပြာရောင်ကမ္ပည်းပြားကိုတော့ မြန်မာ့လေကြောင်းရုံးမှာ တပ်ဆင်မယ်လို့ မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။ စတီးဘရားသားကုမ္ပဏီက အသုံးပြုခဲ့တဲ့ အဆောက်အအုံ Yangon Excelsior Hotel ကိုတော့ ၁၉၃၀ ခုနှစ်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး ကုန်သွယ်ရေးအဆောက်အုံအဖြစ် အသုံးပြုခဲ့တာပါ။ ဆန်စပါးနဲ့ သစ်ရောင်းဝယ်ရေးကို အရောင်းအဝယ်ပြုတဲ့ အအောင်မြင်ဆုံး ကုန်သွယ်ရေး အဆောက်အအုံအဖြစ်လည်း ထင်ရှားခဲ့ပါတယ်။  ၁၉၆၀ အကျေယ်မှာတော့ အဆောက်အအုံကို ပြန်လည်ပြုပြင်ကာ အမှတ် ၅ ကုန်သွယ်ရေးကော်ပိုရေးရှင်းအဖြစ် အသုံးပြုခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ မြန်မာ့ကုန်တိုက်ရုံးချုပ်အဖြစ်နဲ့ နယ်စပ်ကုန်သွယ်ရေးဌာနအဖြစ် ၂၀၀၈ ခုနှစ်အထိ အသုံးပြုခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ အဆင့်မြင့် Yangon Excelsior Hotel အဖြစ် ပြန်လည်ပြင်ဆင် ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~ Zawgyi_version ေရွးေဟာင္းအေဆာက္အအုံ Yangon Excelsior Hotel ကို အျပာေရာင္ကမၸည္းျပား တပ္ဆင္ ႏွစ္ေပါင္း ၉၀ နီးပါးရွိၿပီးျဖစ္တဲ့ သမိုင္းဝင္ေရွးေဟာင္းအေဆာက္အအုံ Yangon Excelsior Hotel ကို ၃၃ ခု ေျမာက္အျဖစ္ အျပာေရာင္ကမၸည္းျပားအျဖစ္ တပ္ဆင္ခဲ့ပါတယ္။ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီနဲ႔ ၿမိဳ႕ျပအေမြအႏွစ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕တို႔က ပူးေပါင္းၿပီး စက္တင္ဘာ ၂၈ ရက္ မနက္ပိုင္းက ဟိုတယ္တည္ရွိတဲ့ ပန္းဘဲတန္းၿမိဳ႕နယ္ ဗိုလ္ဆြန္ပက္လမ္းမွာ အျပာေရာင္ကမၸည္းျပား တပ္ဆင္တဲ့ အခမ္းအနား က်င္းပခဲ့ပါတယ္။ အျပာေရာင္ကမၸည္းျပား တပ္ဆင္တာကေတာ့ ရန္ကုန္ၿမိဳ႕က ေရွးေဟာင္းသမိုင္းဝင္ အေဆာက္အအုံေတြကို လူေတြသိရွိကာ တန္ဖိုးထားတတ္ေစဖို႔ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ မ်ိဳးဆက္သစ္ေတြအေနနဲ႔ သမိုင္းဝင္အေဆာက္အအုံေတြအေၾကာင္း ေလ့လာႏိုင္ဖို႔ အျပာေရာင္ကမၸည္းျပား တပ္ဆင္တာလို႔ ဆိုပါတယ္။ ၃၄ ခုေျမာက္ အျပာေရာင္ကမၸည္းျပားကိုေတာ့ ျမန္မာ့ေလေၾကာင္း႐ုံးမွာ တပ္ဆင္မယ္လို႔ ၿမိဳ႕ျပအေမြအႏွစ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕က ေျပာပါတယ္။ စတီးဘရားသားကုမၸဏီက အသုံးျပဳခဲ့တဲ့ အေဆာက္အအုံ Yangon Excelsior Hotel ကိုေတာ့ ၁၉၃၀ ခုႏွစ္မွာ ေဆာက္လုပ္ခဲ့တာျဖစ္ၿပီး ကုန္သြယ္ေရးအေဆာက္အုံအျဖစ္ အသုံးျပဳခဲ့တာပါ။ ဆန္စပါးနဲ႔ သစ္ေရာင္းဝယ္ေရးကို အေရာင္းအဝယ္ျပဳတဲ့ အေအာင္ျမင္ဆုံး ကုန္သြယ္ေရး အေဆာက္အအုံအျဖစ္လည္း ထင္ရွားခဲ့ပါတယ္။ ၁၉၆၀ အေက်ယ္မွာေတာ့ အေဆာက္အအုံကို ျပန္လည္ျပဳျပင္ကာ အမွတ္ ၅ ကုန္သြယ္ေရးေကာ္ပိုေရးရွင္းအျဖစ္ အသုံးျပဳခဲ့ၿပီး အဲဒီေနာက္ပိုင္းမွာေတာ့ ျမန္မာ့ကုန္တိုက္႐ုံးခ်ဳပ္အျဖစ္နဲ႔ နယ္စပ္ကုန္သြယ္ေရးဌာနအျဖစ္ ၂၀၀၈ ခုႏွစ္အထိ အသုံးျပဳခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္မွာေတာ့ အဆင့္ျမင့္ Yangon Excelsior Hotel အျဖစ္ ျပန္လည္ျပင္ဆင္ ဖြင့္လွစ္ခဲ့တာလည္း ျဖစ္ပါတယ္။
2 years Ago
Up