အပြတ်အသတ်အနိုင်ရ

November 9, 2020

တောင်ငူမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်အသီးသီးမှာ အပြတ်အသတ် အနိုင်ရရှိသွားလို့ သိရပါတယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားလူမျိုးကိုယ်စားလောင်းအပါအဝင် လွှတ်တော်အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ်လောင်းအားလုံး အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်နေရာမှာ အန်အယ်လ်ဒီပါတီက ၁၀၃၂၅၅ မဲ၊ ကြံ့ခိုင်ရေးပါတီက ၃၅၀၄၇ မဲ၊  ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၁၈၁၃ မဲ အသီးသီး ရရှိခဲ့ပါတယ်။

အမျိုးသားလွှတ်တော်မှာ အန်အယ်လ်ဒီပါတီက ၁၀၀၉၆၄ မဲ၊ ကြံ့ခိုင်ရေးပါတီက ၃၃၈၂၆ မဲနဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၁၈၁၃ မဲ ရရှိခဲ့ပါတယ်။

တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၁) မှာတော့ အန်အယ်လ်ဒီပါတီက ၅၃၃၂၉ မဲ၊ ကြံ့ခိုင်ရေးပါတီက ၂၁၁၃၆ မဲ၊ မဲနဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၈၆၇ မဲ၊ ပြည်သူ့ရှေ့ဆောင်ပါတီက ၇၉၆ မဲ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၈၀၄ မဲ အသီးသီး ရရှိခဲ့ကြပါတယ်။

တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၂) မှာတော့ အန်အယ်လ်ဒီပါတီက ၄၉၅၄၂ မဲ၊ ကြံ့ခိုင်ရေးပါတီက ၁၃၀၅၅ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၆၀၈ မဲ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၅၆၂ မဲ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ က ၆၉ မဲ အသီးသီး ရရှိခဲ့ပါတယ်။

တိုင်းရင်းသားလူမျိုးကိုယ်စားလောင်းတွေအနေနဲ့ကတော့ အန်အယ်လ်ဒီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်း နော်ပွယ်စေးက တောင်ငူမြို့နယ်အတွက် ၇၃၈၅ မဲ ရရှိခဲ့ပါတယ်။

တောင်ငူမြို့နယ်မှာ အခုရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်လောင်းအားလုံးဟာ ၂၀၁၅ ခုနှစ်က ရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။

တောင်ငူမြို့နယ်မှာ ရပ်ကွက်/ကျေးရွာအုပ်စု ၆၄ အုပ်စု၊ မဲရုံ ၁၉၃ ရုံနဲ့ မဲပေးပိုင်ခွင့်ရှိသူ ၁၉၉၉၀၂ ယောက်ရှိပြီး မဲလာပေးသူ ၁၄၀၂၇၀ ရှိကာ ၇၀ ရာခိုင်နှုန်းကျော် မဲပေးခဲ့ကြတယ်လို့ သိရပါတယ်။

1 year Ago
Up