အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ပွဲ တောင်ကြီးမြို့တွင် လူငယ်များစုပေါင်းကျင်းပ

December 11, 2019

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ပွဲ တောင်ကြီးမြို့တွင် လူငယ်များစုပေါင်းကျင်းပ

၇၁ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်ပွဲကို  ဒေသခံ လူငယ်တွေပူးပေါင်းပြီး ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဟုတ်ကြန့်ခန်းမမှာ ဒီဇင်ဘာ ၁၀ ရက်က ကျင်းပခဲ့ပါတယ်။ လူသားတွေ မွေးကတည်းကပါလာတဲ့ မွေးရာပါလူ့အခွင့်အရေးကို မဆုံးရှုံးအောင် လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူငယ်တွေစုပေါင်းပြီးလုပ်တာဖြစ်တယ်လို့ ပွဲစီစဉ်တဲ့ လူငယ်တွေက ပြောပါတယ်။ လူ့အခွင့်အရေးပညာပေးကွန်ရက်က မနင်းနန္ဒာအောင်ကတော့ ဥပဒေ တွေထဲမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်တာတွေမရှိသေးတဲ့အတွက် မြန်မာနို်ငငံမှာ ဒီမိုကရေစီ စနစ်ကျင့်သုံးပေမယ့် လူ့အခွင့်အရေးရရှိဖို့က တောင်းဆိုနေရဆဲလို့ ပြောပါတယ်။ အဲဒီ အခမ်းအနားမှာ လူသားအားလုံး အခွင့်အရေး လူငယ်တွေရ ပ်တည်ပေးဆိုတဲ့ခေါင်းစဉ်နဲ့  လူ့အခွင့်အရေးသီချင်းတွေ၊ Role play သရုပ်ဖော်တွေ၊ လူ့အခွင့်အရေး နဲ့ပတ်သက်တဲ့စာတမ်းဖတ်ကြားတာတွေ  ပြုလုပ်ခဲ့ပါတယ်။ လူ့အခွင်အရေးနေ့ပွဲကို တောင်ကြီးမြို့ ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်း လူငယ်အဖွဲ့ ၇ ဖွဲ့က ဦးဆောင်ပြီးပြုလုပ်တာပါ။ သတင်း- ခွန်ရာဇာ
3 years Ago
Up