ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်ထဲက အိမ်ပြင်မထွက်ရတဲ့ မိဘနှစ်ပါးကို စိတ်အားမငယ်စေဖို့ ချီလီ အကော်ဒီယံသမားတဦးက အိမ်ရှေ့ကနေ သွားရောက် ဖျော်ဖြေပေးနေပါတယ်။
ဟွယ်ပန် ကမ်းရိုးတန်းမြို့လေးက အကော်ဒီယံသမား ဂွန်ဇယ်လို အက်ကူနာဟာ သီးခြားနေရတဲ့ မိဘအိမ်ရှေ့ကို နေ့တိုင်းလာပြီး ဝေါ့ဇ်တေးသွားတွေနဲ့ မိဘတွေ အတူလိုက်ကဖို့ တခြား သီချင်းတွေကို တီးခတ်ပေးနေတာပါ။
အကော်ဒီယံတီးသူ အက်ကူနာက “ကပ်ရောဂါကြောင့် အိမ်ထဲက အိမ်ပြင် မထွက်ရတဲ့ မိဘတွေဆီ နေ့တိုင်းသွားပြီး အဖော်ပြုပေးတာ” လို့ ပြောပါတယ်။
မိဘနှစ်ပါးနဲ့ စကားပြောပြီး အကော်ဒီယံတီး ဖျော်ဖြေပေးတာကြောင့် သူရော မိဘတွေပါ ပျော်ရွှင်ရတယ်လို့ အက်ကူနာက ပြောပါတယ်။ အက်ကူနာရဲ့ မိခင်ကလည်း သားဖြစ်သူ လာရောက်ဖျော်ဖြေတာကို ဘုရားသခင် ပေးတဲ့ လက်ဆောင်ဆိုပြီး ကင်ပွန်းတပ်ပါတယ်။
မိဘတွေဟာ သက်ကြီးရွယ်အိုတွေ ဖြစ်ပြီး ဗိုင်းရပ်စ်အန္တရာယ်ကြီးတာကြောင့် သူတို့ဘာသာ သီးခြားခွဲနေဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အက်ကူနာက ပြောပါတယ်။
လက်တင်အမေရိကနိုင်ငံတွေထဲ ချီလီဟာလည်း ကိုရိုနာဗိုင်းရပ်စ် အများဆုံး ကူးစက်ခံရတဲ့ နိုင်ငံတခုဖြစ်ပြီး ဒီနေ့မနက်ပိုင်းအထိ ကူးစက်ခံရသူ ၁၆၁၀ ဦး၊ သေဆုံးသူ ၅ ဦးနဲ့ ရောဂါသက်သာ ပျောက်ကင်းလာသူ ၄၃ ဦး ရှိတယ်လို့ သိရပါတယ်။
11 months Ago