အပြင်မထွက်ကြရန်

March 25, 2020

မလေးရှားတွင် ပြည်သူများ အိမ်ထဲက အပြင်မထွက်ကြရန် ဒရုန်းယာဉ်ဖြင့် နှိုးဆော်

မလေးရှားနိုင်ငံမှာ သွားလာမှု ကန့်သတ်ရေးအမိန့်အာဏာ ဒုတိယသီတင်းပတ်ထဲ  ဝင်လာချိန်မှာပဲ မတ် ၂၄ ရက်က ရဲတပ်ဖွဲ့ဟာ ဒရုန်းယာဉ်သုံးပြီး ပြည်သူတွေကို အိမ်ထဲက အပြင်မထွက်ကြဖို့ တိုက်တွန်းနှိုးဆော်နေပါတယ်။ ပြည်သူတချို့က တားမြစ်ချက်တွေကို မလိုက်နာတာကြောင့် တရားဥပဒေစိုးမိုးအောင်  အစိုးရက စစ်တပ်ကို ခေါ်ယူခဲ့ရပါတယ်။ မလေးရှားနိုင်ငံရဲ့ သွားလာရေး ကန့်သတ်ချက်တွေဟာ မတ် ၁၈ ရက်နေ့က စတင် အသက်ဝင်ခဲ့ပါတယ်။  မလေးရှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၅၁၈ ဦး ရှိပြီး အရှေ့တောင်အာရှ နိုင်ငံတွေထဲ ကူးစက်သူအရေအတွက်  အမြင့်ဆုံးဖြစ်ပါတယ်။  ဒါကြောင့် မလေးရှားအစိုးရဟာ အဆိုးဆုံးအခြေအနေ ပြင်ဆင်တဲ့အနေနဲ့ ဗိုင်းရပ်စ် ရှိ ၊ မရှိ စမ်းသပ်တာတွေကို အရှိန်မြှင့်လုပ်နေပါတယ်။ မလေးရှားအနေနဲ့ ဗိုင်းရပ်စ် ပျံ့နှံ့တာကို ထိန်းချုပ်တဲ့ ခရီးသွားလာလှုပ်ရှားမှု ကန့်သတ်ချက်တွေကို မတ်လကုန်လွန်တဲ့အထိ တိုးမြှင့်နိုင်တယ်ဆိုပြီးလည်း ဝန်ကြီးချုပ်  မဟီဒင်ယာဆင်က မတ်လ ၂၃ ရက်မှာ ပြောပါတယ်။
2 years Ago
Up