အပျော်တမ်း ဓာတ်ပုံသမား

May 2, 2021

ပုသိမ်မြို့က အပျော်တမ်း ဓာတ်ပုံသမား ၁ ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မေလ ၂ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေက အပျော်တမ်းဓာတ်ပုံသမား ၁ ဦးကိုရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အမှတ် ၆ ရပ်ကွက်၊ အောင်ချမ်းသာ ၄ လမ်းထိပ်မှာ အပျော်တမ်း ဓာတ်ပုံလိုက်ရိုက်တဲ့ ဦးဆန်းမြင့် ကွမ်းယာလာဝယ်ချိန် အိမ်စီးကားနဲ့ရောက်လာပြီး ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့သူတွေကပြောပါတယ်။

ဓာတ်ပုံဆရာ ဦးဆန်းမြင့်ကိုဖမ်းဆီးပြီး နေ့လည်ပိုင်းမှာ သူ့ရဲ့ နေအိမ်ကိုလည်း လာရောက်ရှာဖွေသွားတယ်လို့  မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံရသူဟာ ပုသိမ်မြို့မှာ ပြုလုပ်တဲ့ ပွဲလမ်းသဘင်တွေကို ဝါသနာအရ ဓာတ်ပုံလိုက်ရိုက်လေ့ ရှိသူဖြစ်ပြီး သူ့ရဲ့လူမှုကွန်ရက်မှာ ပြန်တင်လေ့ရှိသူဖြစ်ပါတယ်။

2 weeks Ago
Up