အပျော်တမ်းဓာတ်ပုံဆရာ

April 5, 2021

ကျောက်မြောင်းတွင် အပျော်တမ်းဓာတ်ပုံဆရာ ၁ ဦး ရိုက်နှက်ဖမ်းဆီးခံရ

အပျော်တမ်းဓာတ်ပုံဆရာ ကိုငြိမ်းချမ်းမိုးကို  စစ်ကောင်စီတပ်ဖွဲ့က ရန်ကုန် တာမွေမြို့နယ် ကျောက်မြောင်း၊ ဓမ္မစိန္တာလမ်းမှာ ဧပြီ ၄ ရက် နေ့လယ်ပိုင်းက ရိုက်နှက်ဖမ်းဆီးသွားပါတယ်။

လမ်းပေါ်မှာသွားလာရင်း ဖမ်းဆီးခံရတာဖြစ်ပြီး ရဲတွေဟာ သူ့ခေါင်းကိုလည်း ခြေထောက်နဲ့ ကန်ခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဖမ်းခံရသူ ကိုငြိမ်းချမ်းမိုးဟာ ပုဇွန်တောင်မြို့နယ်မှာနေထိုင်ပြီး အလှဓာတ်ပုံရိုက်သူ၊ လူငယ်သီချင်းရေးဆရာတယောက်လည်းဖြစ်တယ်လို့ သူနဲ့ရင်းနှီးသူတယောက်က ပြောပါတယ်။

8 months Ago
Up