အပျော်စီး သင်္ဘော

A d v e r t i s e m e n t With Us

March 19, 2020

ပြင်သစ်တွင်ဆိုက်ကပ်ထားသည်အပျော်စီးသင်္ဘောမှ ခရီးသည်များကို ကိုရိုနာရှိ၊မရှိ သီးခြား စောင့်ကြည့်

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ရှိ၊မရှိ သီးခြားစောင့်ကြပ်တာ ခံယူနေတဲ့ ကော်စတာလိုမီနိုဆာ အပျော်စီး သင်္ဘောပေါ်က ခရီးသည်တွေကို သင်္ဘောအမှုထမ်းတွေက အခန်းအရောက် လိုအပ်ပစ္စည်းတွေ လိုက်လံပို့ဆောင်နေပါတယ်။  ခရီးသည် ၁၄၀၀ကျော်လိုက်ပါလာတဲ့ အပျော်စီးသင်္ဘောဟာ ပြင်သစ်နိုင်ငံ မာဆေးဆိပ်ကမ်းအလွန် ပင်လယ်ထဲမှာ နေရပါတယ်။  သင်္ဘောပေါ်က ခရီးသည်တွေမှာ ဗိုင်းရပ်စ် ရှိ၊မရှိ ဆေးဘက်အဖွဲ့ စမ်းသပ်ပြီးမှ  သင်္ဘောကို ဆိပ်ကမ်း ကပ်ခွင့်ပြုမယ်လို့ ပြင်သစ်ကျန်းမာရေးတာဝန်ရှိသူတွေက ပြောထားပါတယ်။ ကော်စတာလိုမီနိုဆာ အပျော်စီးသင်္ဘောပေါ်က ခရီးသည် ၂ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ခဲ့ပြီးနောက် မတ်လ ၈ ရက်က ပွါတိုရီကိုနိုင်ငံမှာ  ဆင်းသွားခဲ့ပါတယ်။  အဲဒီခရီးသည် ၂ဦး အခြေအနေဟာ တည်ငြိမ်တယ်လို့ ကျန်တဲ့ ခရီးသည်တွေကို အကြောင်းကြားထားပါတယ်။  မတ်လ ၁၅ ရက်မှာတော့ စပိန်နိုင်ငံ ကနေရီကျွန်းဆိပ်ကမ်းမှာ နောက်ထပ် ခရီးသည် သုံးဦး ကမ်းပေါ် ဆင်းသွားခဲ့ပါတယ်။  ပြင်သစ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်တာကို ထိန်းချုပ်ဖို့ မတ်လ ၁၇ ရက်က စပြီး တနိုင်ငံလုံး သွားလာတာတွေကို ထိန်းချုပ် ကန့်သတ်ခဲ့ပါတယ်။  ပြင်သစ်အစိုးရက နိုင်ငံသားတွေအကုန်လုံး အိမ်ထဲက အိမ်ပြင်မထွက်ဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။   
12 months Ago
Up