အပျိုစင်ဘဝကို ရောင်းချသည့် မိန်းကလေး ပေါင် ၂ သန်းဖြင့် လေလံအောင်

March 30, 2017

အပျိုစင်ဘဝကို ရောင်းချသည့် မိန်းကလေး ပေါင် ၂ သန်းဖြင့် လေလံအောင် (ရုပ်သံ)

ရိုမေးနီးယားနိုင်ငံသူ အလက်ဇန္ဒြာ ကက်ဖ်ဟာ မိဘတွေကို အိမ်ဝယ်ပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ သူမရဲ့ အပျိုစင်ဘဝကို ပေါင် ၂ သန်းနဲ့ လေလံတင်ရောင်းချနိုင်ခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဒီကနေ့ဖော်ပြပါတယ်။ အခုချိန်မှာ အသက် ၁၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အလက်ဇန္ဒြာဟာ သူမအသက် ၁၅ နှစ်အရွယ်မှာ Indecent Proposal ဆိုတဲ့ ရုပ်ရှင်ကိုကြည့်ရင်းနဲ့ ခုလို စိတ်ကူးရခဲ့တာလို့ ဆိုပါတယ်။ ဖော်ပြမထားတဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ သူမရဲ့ အပျိုစင်ဘဝကို ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင်တဦးက ပေါင် ၂ ဒသမ ၃ သန်းနဲ့ ဝယ်ယူခဲ့တာလို့ ဆိုပါတယ်။ အလက်ဇန္ဒြာဟာ ဂျာမနီနိုင်ငံအခြေစိုက် စင်ဒရဲလားသက်တော်စောင့်များလို့ အမည်ရတဲ့ အေးဂျင့်ဝက်ဘ်ဆိုက်တခုကနေ သူ့ရဲ့ အပျိုစင်ဘဝကို ရောင်းချခဲ့တာပါ။ အဲဒီအေးဂျင့်ဟာ မိန်းကလေးတွေရဲ့ အပျိုစင်ဘဝကို တဆင့်ခံရောင်းချဖို့ ဆက်သွယ်ပေးတဲ့ လုပ်ငန်းစုတခု ဖြစ်ပါတယ်။ လုပ်ငန်းတည်ထောင်သူ ဂျန်ဇာကို ဗီယဲလ်စကီးဟာ အသက် ၂၆ နှစ်အရွယ်သာရှိသေးပြီး သူကတော့ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ခုလိုပြောပါတယ်။ “မိန်းကလေးငယ်တွေကို သူတို့မလုပ်လိုတဲ့ အရာတွေကို လုပ်ဖို့ ဘယ်သူကမှ တွန်းအားမပေးနိုင်ပါဘူး။ လိင်ပိုင်းဆိုင်ရာကိစ္စတွေအပေါ် သူတို့မှာ ကိုယ်ပိုင်အမြင်တွေ၊ အတွေးတွေ ရှိနေပါတယ်။” This Morning ရုပ်သံအစီအစဉ်မှာ အလက်ဇန္ဒြာက ဒီအကြောင်းကို ထုတ်ဖော် ပြောကြားလိုက်ချိန်မှာတော့ ဒါဟာ ပရိသတ်တွေကို အံ့အားတသင့် ဖြစ်သွားစေခဲ့ပါတယ်။ အလက်ဇန္ဒြာက “ကျမက အရမ်းဆင်းရဲတဲ့ နိုင်ငံတနိုင်ငံမှာ နေထိုင်တာပါ။ အဲဒီတော့ ကျမမိဘတွေကို အိမ်တလုံးဝယ်ပေးဖို့ လိုအပ်တဲ့အတွက် ခုလိုလုပ်ခဲ့တာပါ” လို့ ပြောပါတယ်။
5 years Ago
Up