အပ်နှံသူမရှိ

May 28, 2021

ဟံလင်းပျူမြို့ဟောင်းက အထက်တန်းကျောင်းတွင် ကျောင်းအပ်နှံသူမရှိ

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဟံလင်းပျူမြို့ဟောင်း အထက်တန်းကျောင်းမှာ မေလ ၂၈ ရက်နေ့အချိန်အထိ ကျောင်းအပ်နှံသူတစ်ယောက်မှ မရှိသေးဘူးလို့ ‌ဒေသခံတွေဆီက ပြောပါတယ်။

ဒေသခံတစ်ဦးက “တချို့လည်း စစ်ကျွန်ပညာရေးကို မလိုလားလို့ ဆန္ဒပြတဲ့အနေနဲ့ ကျောင်းမတက်ကြတာ၊ တချို့လည်း ဟိုနေရာပေါက်ကွဲဒီနေရာပေါက်ကွဲနဲ့ မိဘတွေက စိုးရိမ်လို့မအပ်ကြတာပေါ့၊ ဆရာဆရာမတွေလည်း လာတာတော့မမြင်ဘူးဗျ” လို့ ပြောပါတယ်။

ဟံလင်းကျေးရွာမှာ ပညာရေးဝန်ထမ်းအများအပြားရှိပြီး Non CDM တွေလည်း များတယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ်မှာ မေလ ၂၄ ရက်နေ့ကစပြီး စစ်ကောင်စီက စာသင်ကျောင်းတွေဖွင့်ဖို့ ပြင်ဆင်နေကြတာဖြစ်ပြီး စာသင်ကျောင်းတချို့သာ ကျောင်းအပ်သူ အနည်းအကျဉ်းသာရှိတယ်လို့ ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

8 months Ago
Up