အပ်နှံသူ

May 28, 2021

လားရှိုးက ပုဂ္ဂလိကကျောင်း ၂၁ ကျောင်းတွင် ကျောင်းအပ်နှံသူမရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကကျောင်း ၂၁ ကျောင်းမှာ မေလ ၂၇ ရက်နေ့အထိ ကျောင်းအပ်နှံတဲ့သူ တစ်ဦးတစ်ယောက်မှ မရှိသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် လားရှိုးမြို့နယ်အတွင်းမှာ အခြေခံပညာကျောင်းပေါင်း ၂၀၀ ကျော်ရှိတဲ့အနက်  ၇၀ ကျော်ဟာ လုံခြုံရေးအခြေအနေအရနဲ့ ကျောင်းအုပ်အပါအဝင် ဆရာ/ဆရာမအားလုံး ၁၀၀ ရာခိုင်နှုန်း CDM ဆောင်ရွက်တာကြောင့် လက်ရှိ အချိန်ထိ မဖွင့်လှစ်နိုင်သေးဘူးလို့ CDM ဦးဆောင်ကော်မတီ (လားရှိုး)က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ကျောင်းဖွင့်နိုင်ရေး ဖိအား‌ေပးစီစဥ်ရာမှာ နိုင်ငံတဝှမ်း အခြေခံပညာကျောင်းပေါင်း ၄၄၉၁၇ ကျောင်းမှာ ကျောင်းအပ်နှံသူစုစုပေါင်း ၁၀ ရာခိုင်နှုန်းကျော်သာ ရှိပါတယ်။ 

ဒါ့အပြင် တက္ကသိုလ်ကျောင်းပေါင်း ၁၅၀ ကျော်မှာလည်း ကျောင်းအပ်နှံသူ ရာနှုန်းပြည့်မီခြင်းမရှိတာကြောင့် အပြည့်အဝမဖွင့်လှစ်နိုင်သေးဘူးလို့ သိရပါတယ်။

လားရှိုးခရိုင်အတွင်းက CDM ဆောင်ရွက်နေတဲ့ ပညာရေးဝန်ထမ်း ၅၄၀ ကျော်ကို တာဝန်က ယာယီရပ်ဆိုင်းကြောင်း အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

6 months Ago
Up