အပူလောင်ခြင်းကို ငါးအရေခွံဖြင့် ကုသသည့် ထူးခြားကုထုံး (ရုပ်သံ)

May 27, 2017

အပူလောင်ခြင်းကို ငါးအရေခွံဖြင့် ကုသသည့် ထူးခြားကုထုံး (ရုပ်သံ)

တောင်အမေရိကားနိုင်ငံဖြစ်တဲ့ ဘရာဇီးလ်နိုင်ငံမှာ ဆရာဝန်တွေက မီးလောင်ဒဏ်ရာ အပြင်းအထန်ရတဲ့ လူနာတွေကို ငါးအရေခွံသုံးပြီး ကုသပေးနေပါတယ်။ ဒီလိုထူးခြားတဲ့ကုထုံးကို သုံးရတာက ဘရာဇီးလ်နိုင်ငံက ပြည်သူ့ဆေးရုံတွေမှာ မီးလောင်ဒဏ်ရာတွေကို ကုသနိုင်တဲ့ ရေအေးခဲထားတဲ့ လူသားတစ်ရှူးတွေနဲ့ ဝက်အရေပြားတွေ ပြတ်လပ်နေလို့ဖြစ်တယ်လို့ ဆိုပါတယ်။ အစိုဓာတ်ရအောင်နဲ့ အနာကို သက်သာပျောက်ကင်းမှု တိုးစေတဲ့ ကိုလိုဂျင်ဓာတ် ရအောင် လူသားတစ်ရှူးနဲ့ ဝက်အရေပြား ၂ မျိုးစလုံးကို မီးလောင်ဒဏ်ရာတွေပေါ်မှာ ထားတယ်လို့ သိရပါတယ်။ များသောအားဖြင့် ဘရာဇီးလ်နိုင်ငံရဲ့ မြစ်တွေနဲ့ ငါးမွေးမြူရေးကန်တွေမှာ တွေ့ရတတ်တဲ့ တီလားဗီးယားငါးတွေကလည်း မီးလောင်ဒဏ်ရာကို သက်သာပျောက်ကင်းစေပြီး လူသားအရေးပြားလို ရောဂါဒဏ် ခံနိုင်ရည်ရှိတယ်။ အစိုဓာတ်နဲ့ ကိုလိုဂျင်ဓါတ်တွေရှိတယ်လို့ သိပံ္ပပညာရှင် သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ဒီရှာဖွေတွေ့ရှိမှုမတိုင်ခင် ဘရာဇီးလ်နိုင်ငံ ဆေးရုံတွေမှာ ပိတ်ကျဲပတ်တီးကို သုံးခဲ့ကြပြီး ဒါက ပုံမှန်ပြောင်းပေးဖို့ လိုသလို နာကျင်မှုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ တီလားဗီးယားငါးကုထုံးနဲ့ ရက်တော်တော်များများကုသတဲ့အခါ မီးလောင်ဒဏ်ရာတွေ အမြန်ဆုံး သက်သာပျောက်ကင်းပြီး နာကျင်မှုသက်သာစေတဲ့ ဆေးဝါးတွေလည်း လျော့ပြီး သုံးလာရတယ်လို့ ဘရားဇီးသုတေသီတွေက ပြောတာပါ။ မီးလောင်ဒဏ်ရာ ရတဲ့လူနာတွေကို ပုံမှန်သုံးလေ့ရှိတဲ့ ဆာလဖာဒိုက်ဇင်း ကရင်မ်ကို သုံးတာထက် တီလားဗီးယားငါးရေခွံကုထုံးက ၇၅ ရာခိုင်နှုန်း ဈေးသက်သာတယ်လို့ မေရာရဲ့ မေလ ၂၆ ရက်နေ့သတင်းမှာ ရေးထားတာပါ။
4 years Ago
Up