အပူလှိုင်းဖြတ်နေသည့် စပိန်တွင် သစ်တောဧက ၂၂၀ ကျော် မီးလောင်ကျွမ်း

July 21, 2016

အပူလှိုင်းဖြတ်နေသည့် စပိန်တွင် သစ်တောဧက ၂၂၀ ကျော် မီးလောင်ကျွမ်း (ရုပ်သံ)

နွေရာသီ အပူလှိုင်းဖြတ်နေတဲ့ စပိန်နိုင်ငံမှာ တောမီးလောင်နေလို့ သစ်တောဧက ၂၂၀ ကျော် လောင်ကျွမ်းခဲ့တယ်လို့ မီးသတ်သမားတွေက ဇူလိုင် ၁၉ ရက်နေ့မှာ ပြောပါတယ်။ စပိန်အနောက်မြောက်ပိုင်း ကာတာလိုးနီးယားဒေသက ဘာစီလိုနာမြို့ မြောက်ဘက် ကီလိုမီတာ ၉၀ အကွာမှာ လောင်နေတဲ့ တောမီးကို ခုတော့ ထိန်းချုပ်နိုင်ပါပြီ။ ဇူလိုင် ၁၈ ရက်က စလောင်တဲ့ တောမီးကြောင့် အနားက ကားလမ်းမှာ ယာယီ အနှောင့်အယှက် ဖြစ်ခဲ့တာပါ။ မီးသတ်သမား အယောက် ၃၀၊ လေယာဉ် ၈ စီးနဲ့ မီးငြှိမ်းသတ်ခဲ့ရပါတယ်။ ဇူလိုင် ၁၉ ရက် မနက်ပိုင်းမှာ တောမီးကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ မီးသတ်သမားတွေက ပြောပါတယ်။ ခုတော့ သစ်တောရဲ့ ညာဘက်ခြမ်းက တောမီးကို အာရုံစိုက်နေတယ်လို့ မီးသတ်တပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။ ဒီမီးသာ ပြန့်သွားရင် သစ်တောအတွက် အရေးကြီးတဲ့ နောက်ဆက်တွဲတွေ ဖြစ်လာလိမ့်မယ်၊ ဒါက အရေးအကြီးဆုံး အစိတ်အပိုင်းပဲလို့ သူက ပြောပါတယ်။ မီးကို အပြီးသတ် ငြှိမ်းသတ်နိုင်ဖို့ မီးသတ်သမားတွေ ဆက်လုပ်နေကြဆဲ ဖြစ်ပါတယ်။
7 years Ago
Up