အပူလှိုင်းဖြတ်

July 29, 2018

နယ်သာလန်တွင် ၃ နှစ်အတွင်း အမြင့်ဆုံးအပူလှိုင်းဖြတ်

ဥရောပတိုက် နယ်သာလန်နိုင်ငံမှာ နေ့အပူချိန်ဟာ ၃၀ ဒီဂရီစဲလ်စီးယပ်အထိ မြင့်တက်ခဲ့တာကြောင့် ၃ နှစ်အတွင်း ပထမဆုံးအကြိမ် အမြင့်ဆုံး အပူလှိုင်းဖြတ်မှုဒဏ်ကို ရင်ဆိုင်နေရပါတယ်။ ၅ ရက်အတွင်း ၃ ရက်လောက်မှာ နေ့အပူချိန်ဟာ ၃၀ ဒီဂရီစဲလ်စီးယပ်အထိ မြင့်တက်ခဲ့တယ်လို့ “ကိုနင်ကလစ် နယ်သာလန် မိုးလေ၀သ အင်စတီကျူ့-KNMI “ က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကတော့ အပူချိန်ဟာ ၃၈.၁  ဒီဂရီ စဲလ်စီးယပ်အထိ မြင့်တက်ခဲ့တာကြောင့် ၁၉၀၁ ခုနှစ်ကနေ အခုချိန်ထိ အနှစ် ၁၀၀ ကျော်အတွင်း အမြင့်ဆုံး စံချိန်ချိုးခဲ့ကြောင်း CCTV သတင်းအရ သိရပါတယ်။
3 years Ago
Up