အပူချိန်တိုင်းတာ

March 20, 2020

ဧရာဝတီတိုင်းလွှတ်တော်တွင် အားလုံးကို အပူချိန်တိုင်းတာမည်

ဧရာဝတီတိုင်းလွှတ်တော် ၂၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပြန်လည်စတင်တဲ့အခါ လွှတ်တော်အတွင်း ထိုင်ခုံတွေကို ၃ ပေခြားထိုင်ဖို့ စီစဉ်ထားပြီး အားလုံးကို အပူချိန် တိုင်းတာတာတွေ လုပ်ဆောင်သွားမယ်လို့ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။ "ကိုယ်စားလှယ်တွေ ထိုင်ခုံကို ၃ ပေခြားပြီး ခုံအခင်းအကျင်းလုပ်ထားပါတယ်၊ ကျန်းမာရေး ဌာနက ဝန်ထမ်းတွေကိုခေါ်ထားပြီး ရုံးအဖွဲ့ရော၊ ကိုယ်စားလှယ်တွေရော၊ မီဒီယာတွေရော အားလုံး ကိုယ်အပူချိန်တိုင်းတာဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။" ဒါပြင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ၂၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို မတ်လ ၂၄ ရက်နေ့နဲ့ ၃၁ ရက်နေ့သာ ကျင်းပပြုလုပ်တော့မယ်လို့ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။ မတ် ၁၈ ရက်နေ့က ကျင်းပပြုလုပ်တဲ့ နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်အားလုံးကို ကိုယ်အပူချိန်တိုင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။ မင်းထက်မုန်း (ပုသိမ်)
2 years Ago
Up