အပူချိန်တိုင်းစစ်ဆေး

A d v e r t i s e m e n t With Us

March 18, 2020

COVID-19 ကာကွယ်ရေး လွှတ်တော်သို့ ဝင်ထွက်သူများအား အပူချိန်တိုင်းစစ်ဆေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် လွှတ်တော်ရုံးဝန်ထမ်းတွေနဲ့ လွှတ်တော်သတင်းရယူတဲ့ သတင်းမီဒီယာသမားတွေကို ဒီနေ့ကစတင်ပြီး COVID-19 ကြိုတင်ကာကွယ်တဲ့အနေနဲ့ အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်များ ထားရှိပေးခြင်းတွေကို စတင်ပြုလုပ်နေပါတယ်။  လတ်တလော ဖွဲ့စည်းပုံပြင်ဆင်ရေးဆောင်ရွက်နေတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို လွှတ်တော်ကိုယ်စားလှယ် ၆၀၀ ကျော် ၊ ပုံမှန်လွှတ်တော်ရုံးဝန်ထမ်းတွေနဲ့ သတင်းမီဒီယာသမား ၂၀ ကျော်လောက်က  နေ့စဉ်ဝင်ထွက်နေကြတာပါ။ လွှတ်တော်ကို လာရောက်သူတိုင်းကို အပူချိန်တိုင်းတာခြင်းနဲ့ စစ်ဆေးပြီးသူတွေကို စတေကာတွေကပ်ပေးခြင်းတွေ ဆောင်ရွက်နေပေမယ့် တပ်မတော်သားကိုယ်စားလှယ်တွေကိုတော့ စစ်ဆေးတာမတွေ့ရှိရပါဘူး။ တပ်မတော်သားကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက နှာခေါင်းစည်းတပ်ပြီး လွှတ်တော်တက်ရောက်ရောက်နေကြတာဖြစ်ပါတယ်။  ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
12 months Ago
Up