အပူချိန်

A d v e r t i s e m e n t With Us

June 30, 2020

နှစ် ၃၀ အတွင်း တောင်ဝင်ရိုးစွန်းဒေသ အပူချိန် လျင်မြန်စွာ မြင့်တက်လာ

ကမ္ဘာ့အအေးဆုံးနေရာလို့ သတ်မှတ်ခံထားရတဲ့ တောင်ဝင်ရိုးစွန်းမှာ အပူချိန် အမြန် မြင့်တက်လာနေပါတယ်။ လူကြောင့်ဖြစ်တဲ့ ရာသီဥတုပြောင်းလဲမှုဟာ အန္တာတိကဒေသမှာ ခန့်မှန်းတာထက် ပိုကြီးတဲ့ အခန်းကဏ္ဍမှာ ပါနေသလားဆိုတာ ရာသီဥတုဆိုင်ရာ သုတေသီတွေ စပြီး စိုးရိမ်နေကြပြီလို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။ အပူပိုင်းဒေသ ပစိဖိတ်အနောက်ပိုင်းကနေ တောင်ပိုင်း အန္တာတိကကျွန်းဆွယ်ရဲ့ ကမ်းလွန်ပင်လယ်ပြင်ဆီကို တိုက်ခတ်တဲ့ ဆိုင်ကလုန်းမုန်တိုင်းတွေကြောင့် သဘာဝအတိုင်း အပူချိန်မြင့်တက်တာနဲ့ တောင်ဝင်ရိုးစွန်း ပူနွေးမှုဟာ တစိတ်တပိုင်း ပတ်သက်နေပြီး ကျန်တဲ့ အချက်တွေကတော့ လူကြောင့်ဖြစ်တဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်တယ်လို့ သုတေသီတွေက ပြောပါတယ်။ တောင်ဝင်ရိုးစွန်းက အပူချိန်ဟာ ပုံမှန်အားဖြင့် ရေခဲမှတ်အောက် အနုတ် ၅၀ ကနေ အနုတ် ၂၀ ဒီဂရီ စဲလ်စီးယပ်စ် ကြားမှာ ရှိတတ်တာပါ။ ခုတော့ ၂၀၁၈ ခုနှစ်ထိ နှစ် ၃၀ အတွင်း ပျမ်းမျှအပူချိန် ၁ ဒသမ ၈ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ မြင့်တက်လာတာကို လေ့လာချက် စစ်တမ်းတွေက တွေ့ရှိထားပါတယ်။ ဒီအချိန်မှာ ကမ္ဘာတလွှားက အပူချိန်တိုးနှုန်းက ဝ ဒသမ ၅ ကနေ ဝ ဒသမ ၆ ဒီဂရီ စဲလ်ဆီးယပ်စ်လောက်ပဲ တိုးလာခဲ့ပါတယ်။
8 months Ago

May 8, 2020

ချောက်မြို့တွင် အပူချိန်  ၄၇ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ စံချိန်သစ်တင်

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှာ ဒီကနေ့ မေလ ၈ ရက်နေ့  အပူချိန် စံချိန်သစ် တင်သွားတယ်လို့ ချောက်မြို့နယ် မိုးလေဝသနှင့် ဇလဗေဒစခန်းက သိရပါတယ်။ ချောက်မြို့မှာ ၂၀၁၉ ခုနှစ် မေလ ၉ ရက်က အပူချိန် ၄၇ ဒသမ ၁ ဒီဂရီစင်တီဂရိတ်နဲ့ အမြင့်ဆုံးစံချိန်တင်ခဲ့ပြီး ဒီနေ့တော့ ၄၇ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နဲ့ စံချိန်အသစ်တင်ခဲ့တာလို့ ချောက်မြို့နယ် မိုးဇလစခန်းက  စခန်းမှူး ဒေါ်အေးသန္တာအောင်က ပြောပါတယ်။ ခုရက်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ဒသမ 5° C မှ 1.5°C အထိ ဆက်တိုက်မြင့်တက်ခဲ့ပြီး  ဒီနေ့ မေလ ၈ ရက်နေ့ ညနေ ၆ နာရီတိုင်းတာချက်အရ 47.5°C အထိ ရောက်ရှိခဲ့တာဖြစ်လို့ အပူချိန် စံချိန်သစ်ဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ချောက်မြို့နယ်မှာ ပြီးခဲ့တဲ့နှစ်က အပူချိန်မြင့်တက်ခဲ့ပြီးနောက်မှာ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ နားခိုဖို့ အပူရှောင်စခန်းတွေကို  ရပ်ကွက် အသီးသီးက အေးမြတဲ့ အဆောက်အအုံတွေနဲ့  အရိပ်ကောင်းတဲ့နေရာများမှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။ အခုနှစ်မှာတော့ COVID-19 ရောဂါ ကပ်ဘေးကာလဖြစ်နေတာကြောင့် အပူရှောင်စခန်းတွေ ရောဂါကူးစက်ပြန့်ပွားနိုင်တာကြောင့် ဖွင့်လှစ်နိုင်ဖွယ်မရှိဘူးလို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက ပြောပါတယ်။ “ဒီအချိန်မှာ အပူချိန်မြင့်တက်မှုအတွက်ကော COVID-19 အတွက်ကော ကောင်းတာက အပြင်မထွက်ကြရင် ကောင်းတယ်”   ပြီးခဲ့တဲ့နှစ်က အပူချိန်မြင့်တင်ပြီးနောက်မှာ အပူရှပ်လို့ သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။ သတင်း- ကိုလင်း(ချောက်)
10 months Ago
More News
Up