အရှေ့တောင်အာရှနိုင်ငံတွေမှာ ခုရက်ပိုင်းအတွင်း အပူချိန် လွန်ကဲစွာကျဆင်းပြီး အအေးပိုနေခဲ့ပါတယ်။
ခုလို အပူချိန် လွန်ကဲစွာ ကျဆင်းမှုကြောင့် ဘာတွေဖြစ်လာစေနိုင်သလဲ ဆိုတာကို စီစီတီဗွီသတင်းမှာ ရုပ်သံဗွီဒီယိုဖိုင်နဲ့ ဖော်ပြပါတယ်။
တကယ်လို့များ အပူချိန်ဟာ လွန်ကဲစွာ ကျဆင်းနေမယ်ဆိုရင် ဆူပွက်နေတဲ့ရေကို လေထုထဲ ပက်လိုက်တဲ့အခါ အဲဒီရေတွေဟာ ရေခဲမြူထူတွေအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။
မှုတ်ထုတ်လိုက်တဲ့ ဆပ်ပြာပူဖောင်းတလုံးဟာ အဖြူရောင်အဖြစ် ပြောင်းလဲသွားပြီးနောက် စက္ကန့်ပိုင်းအတွင်းမှာ ကွဲအက်သွားနိုင်ပါတယ်။ အေးခဲနေတဲ့ သစ်တော်သီးတလုံးဟာ တူတလက်အဖြစ် အသုံးပြုနိုင်ပါလိမ့်မယ်။
7 years Ago