အပူချိန်မြင့်တက်

January 16, 2019

အပူချိန် မြင့်တက်နေသည့် သြစတြေးလျတွင် တိရစ္ဆာန်များကို အပူဒဏ်မှသက်သာရန် ကြိုးပမ်း

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ အပူချိန်မြင့်တက်နေတာမို့ ဇန်နဝါရီ ၁၆ ရက်နေ့က ထရွန်ဂါ တိရစ္ဆာန်ရုံရှိ တိရစ္ဆာန်တွေဟာ အပူဒဏ်ကနေ သက်သာအောင် ကြိုးပမ်းနေပါတယ်။ တိရစ္ဆာန်ရုံအတွင်းရှိ ဆင်တွေဟာလည်း ရေကန်အတွင်း ရေစိမ်ပြီး အပူရန် ကာကွယ်နေပါတယ်။ ဝန်ထမ်းတွေကလည်း သစ်ကုလားအုတ်တွေကို ရေပိုက်နဲ့ ရေတိုက်နေပါတယ်။ အာခစ်နက် နို့တိုက်သတ္တဝါတွေက အေးခဲအစားအစာကို စားသလို ပင်လယ်ဖျံတွေဟာလည်း အေးခဲငါးတွေကို စားနေတာပါ။ သြစတြေးလျနိုင်ငံမှာ တောင်ပိုင်း တက်စ်မေးနီးယားပြည်နယ်က လွဲလို့ တခြားပြည်နယ်နဲ့ နယ်မြေတွေမှာ အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်အထက် ရောက်မယ်လို့ မီဒီယာက ကြေညာပါတယ်။ နယူးဆောက်ဝေးပြည်နယ် အတော်များများမှာ ဇန်နဝါရီ ၁၉ ရက်နေ့အထိ အပူချိန် ၄၁ ဒီဂရီ ဆဲလ်စီးယပ်စ် ကျော်လွန်မယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။
3 years Ago

August 7, 2018

ပေါ်တူဂီတွင် အပူချိန် မြင့်တက်နေပြီး အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်

ဥရောပနိုင်ငံ အတော်များများမှာ အကြီးစား အပူလှိုင်း ဖြတ်သန်းနေလို့ ပေါ်တူဂီနိုင်ငံမှာလည်း အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ် ကျော်တဲ့အထိ အပူချိန်မြင့်နေပြီး ကမ်ဘရာမြို့လယ်မှာ လူအများစုဟာ အိမ်ထဲမှာပဲ နေကြရပါတယ်။ ပေါ်တူဂီနိုင်ငံမှာ ၂၀၀၃ ခုနှစ်က အပူချိန် ၄၇ ဒသမ ၄ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ စံချိန်တင်ခဲ့ဖူးပါတယ်။ ဒေသခံတဦးဖြစ်တဲ့ ဂျူအန်နာက "အပူချိန်က အခု ၄၂ ဒီဂရီထိ ရှိနေတယ်၊ လမ်းပေါ်က အပူလှိုင်းကို ခင်ဗျား ခံစားနိုင်တယ်" လို့ ပြောပါတယ်။ ၂၀၁၇ ခုနှစ်က အပူချိန်ကြောင့် မြို့နားမှာ တောမီးလောင်ခဲ့တဲ့အတွက် နောက်တကြိမ် တောမီးတွေ လောင်မှာကို စိုးရိမ်နေကြပါတယ်။ အပူချိန်က မနှစ်ကထက် ပိုပူနေတယ်လို့ ဒေသခံ နောက်တဦးက ပြောပါတယ်။ အရေးပေါ်ဌာနက အနီရောင်အဆင့် တပ်လှန့်သတိပေးချက်ကို သြဂုတ် ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဆေးဘက်ဝန်ထမ်းတွေ၊ ရဲနဲ့ မီးသတ်သမားတွေကိုလည်း အသင့်ပြင်ထားဖို့ နှိုးဆော်ထားပါတယ်။
3 years Ago
Up