အပူချိန်

July 22, 2019

အမေရိကန်တွင် နေ့အပူချိန် စံချိန်တင်မြင့်တက်၊ နယူးယောက်တွင် လျှပ်စစ်မီးများ ပြတ်တောက်

အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်းဒေသနဲ့ အရှေ့ဘက်ကမ်းရိုးတန်း ဒေသတွေမှာ အခုသီတင်းပတ်အတွင်း အပူလှိုင်းကြောင့် နေ့အပူချိန် စံချိန်တင် မြင့်တက်ခဲ့ပြီး နယူးယောက်မြို့မှာလည်း လျှပ်စစ်မီးတွေ ပြတ်တောက်နေပါတယ်။ ဇူလိုင် ၂၁ ရက်နေ့က နယူးယောက်မြို့က လူအယောက် ၅ သိန်းနီးပါးရဲ့ အိမ်တွေမှာ လျှပ်စစ်မီးပြတ်တောက်ခဲ့တယ်လို့ Con Edison စွမ်းအင်ကုမ္ပဏီက သူတို့ရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဒေသခံတွေဟာ အိမ်အပြင်ထွက် ထိုင်နေကြပြီး ရေခဲမုန့်ရောင်းတဲ့ ထရပ်ကားတွေမှာလည်း လူတွေ တန်းစီနေကြပါတယ်။ အမေရိကန်နိုင်ငံမှာ နေ့အပူချိန် ၃၆ ဒသမ ၇ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ မြင့်တက်ခဲ့တာပါ။ နေ့အပူချိန် မြင့်တက်နေတဲ့ မြို့တွေမှာ အများပြည်သူဆိုင်ရာ အအေးခန်း စင်တာတွေလည်း ဖွင့်လှစ်ထားခဲ့တယ်လို့ အမျိုးသား မိုးလေဝသအေဂျင်စီက ပြောပါတယ်။ မကြာသေးခင်က နေ့တွေမှာ အမေရိကန်နိုင်ငံ လူဦးရေရဲ့ သုံးပုံတလောက်အပေါ် အပူလှိုင်းရိုက်ခတ်မှုဒဏ် ခံစားခဲ့ရပါတယ်ု ဒါပေမယ့် ဇူလိုင် ၂၂ ရက်နေ့မှာတော့ မိုးသက်လေပြင်းကျပြီး မိုးရွာခဲ့တာကြောင့် အပူချိန် ပြန်လျော့ကျခဲ့တယ်လို့ အမျိုးသား မိုးလေဝသအေဂျင်စီက ပြောပါတယ်။ အမေရိကန်နိုင်ငံ အနှံ့အပြားမှာ အပူလှိုင်းဖြတ်သန်းမှု ဖြစ်ပွားခဲ့ရာ အပူဒဏ်ကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့တယ်လို့ အမေရိကန် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
2 years Ago

May 22, 2019

ပြည်နယ်တိုင်း ၆ ခုတွင် အပူချိန် သိသိသာသာမြင့်တက်နေဟု မိုးဇလ သတိပေး

မန္တလေးတိုင်းအပါအဝင် ပြည်နယ်တိုင်း ၆ ခုမှာ နေ့အပူချိန်တွေ သိသိသာသာ မြင့်တက်နေလို့  သတိပြုနေထိုင်ကြဖို့ မိုးလေဝသဌာနက သတိပေးလိုက်ပါတယ်။ မေလ ၁၈ ရက်ကစပြီး စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ နေ့အပူချိန်တွေဟာ  မေလရဲ့ ပုံမှန်အပူချိန်ထက် ၇ ဒီဂရီစင်တီဂရိတ်ကနေ ၈ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်နေတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်နဲ့  ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာတော့ မေလရဲ့ ပုံမှန် အပူချိန်ထက် ၅ ဒီဂရီစင်တီဂရိတ်ကနေ ၇ ဒီဂရီစင်တီဂရိတ် အထိ မြင့်တက်နေတာ ဖြစ်ပါတယ်။ အဲဒီပြည်နယ်တိုင်း ၆ ခုမှာ  နောက် ၃ ရက်အထိ နေ့အပူချိန်တွေ  မြင့်တက်နေဦးမယ်လို့ ခန့်မှန်းထားပါတယ်။
3 years Ago
More News
Up