အပန်းဖြေဥယျာဉ်

A d v e r t i s e m e n t With Us

June 26, 2020

ကယ်လီဖိုးနီးယားတွင် ဝေါ့ဒစ်စနေး အပန်းဖြေဥယျာဉ်များ ပြန်ဖွင့်ရန် ခွင့်ပြုချက်မရသေး

ဝေါ့ဒစ်စနေးကုမ္ပဏီရဲ့ အပန်းဖြေဥယျာဉ်တွေနဲ့ ဟိုတယ်တွေ ကယ်လီဖိုးနီးယားမှာ ပြန်ဖွင့်ဖို့ ကိစ္စကို ပြည်နယ်အာဏာပိုင်တွေရဲ့ အတည်ပြုချက်ရဖို့ စောင့်နေရတယ်လို့ ကုမ္ပဏီက ဇွန်လ ၂၄ ရက်မှာပြောပါတယ်။  ဒစ်စနေးဟာ ပန်းခြံနဲ့ ကာလီဖိုးနီးယား စွန့်စားခန်းဥယျာဉ်တို့ကို လာမယ့် ဇူလိုင် ၁၇ မှာ ပြန်ဖွင့်နိုင်ဖို့ စီစဉ်ထားပါတယ်။  ဒါပေမဲ့ ပြည်နယ်အာဏာပိုင်တွေက အပန်းဖြေဥယျာဉ်တွေကို ပြန်ဖွင့်ဖို့ လမ်းညွှန်ချက်တွေကို ဇူလိုင် ၄ ရက် မတိုင်ခင်အထိ ထုတ်ပြန်ဖို့မရှိတာကြောင့် ဒါဟာ နှောင့်နှေးနေရခြင်း အကြောင်းရင်းတချက် ဖြစ်တယ်လို့ ဒစ္စနေးက ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။  ကုမ္ပဏီဟာ တောင်ပိုင်းကယ်လီဖိုးနီးယားမှာ အပန်းဖြေဥယျာဉ်က အလုပ်သမား တသောင်းခုနှစ်ထောင်ကို ကိုယ်စားပြုထားတဲ့ အလုပ်သမားသမဂ္ဂတွေရဲ့ တွန်းအားပေးတာ ခံနေရပြီး၊ သူတို့က ကုမ္ပဏီက ပြန်ဖွင့်မယ့် သတ်မှတ်ရက်ကို သဘောတူခြင်းမရှိပါဘူး။  ဒစ်စနေးကုမ္ပဏီဟာ ကိုဗစ်-၁၉ ကပ်ဘေးကို ကာကွယ်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာပဲ ကမ္ဘာတဝန်းက သူ့ဥယျာဉ်တွေကို ပိတ်ပစ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  
8 months Ago

June 13, 2020

ဟောင်ကောင်ရှိ Ocean Park ပြန်ဖွင့်

ဟောင်ကောင်ကျွန်းရဲ့ အထင်ကရ အပန်းဖြေဥယျာဉ်ကြီးတခုဖြစ်တဲ့ Ocean Park ကို ဇွန်လ ၁၃ ရက်မှာ ဖွင့်လှစ်လိုက်ပါတယ်။  ဒါဟာ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် လေးလကျော်ကြာ ဒီဥယျာဉ်ကို ပိတ်ထားပြီးနောက် ပထမဆုံး ပြန်ဖွင့်ခဲ့တာ ဖြစ်ပြီး ဖွင့်တဲ့နေ့မှာ လာရောက်လည်ပတ်သူတွေ ထောင်ချီရှိခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။   ပင်လယ်သတ္တဝါတွေ နဲ့ ရိုလာကိုစတာတွေ ၊ မိုးပျံကြိုးရထားတွေ ရှိတဲ့ ဒီဥယျာဉ် ဝင်ပေါက် တံခါးတွေ မဖွင့်ခင် လူရာပေါင်းများစွာဟာ မိုးရေထဲ စောင့်ဆိုင်းနေခဲ့ကြပါတယ်။  လာရောက် လည်ပတ်သူတွေဟာ သတ်မှတ်နေရာတွေမှာ စောင့်ဆိုင်းရပြီး ဝန်ထမ်းတွေက စစ်ဆေးမှုတွေလုပ်ပြီးမှ ဝင်ခွင့်ပေးတာပါ။  လူတိုင်း ပါးစပ်နှာခေါင်းစည်း တွေတပ်ထားရသလို  ဝင်ပေါက်မှာ ကိုယ်ပူချိန်တိုင်းတဲ့ စက်တွေလည်း တပ်ထားတယ်လို့ ဆိုပါတယ်။  ဥယျဉ်ထဲဝင်ခွင့်ကို လူ ၉၀၀၀ အထိပဲ သတ်မှတ်ထားပြီး  ဇူလိုင်လကုန်မှ တဆင့်ချင်း လူပို ဝင်ခွင့်ပြုသွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
9 months Ago
Up