အပန်းဖြေခရီးရာသီ

November 28, 2020

ထိုင်း ပတ္တရားကမ်းခြေ အားလပ်ရက် အပန်းဖြေခရီးရာသီ ပြန်ဖွင့်လှစ်

ထိုင်းနိုင်ငံရဲ့နာမည်ကျော် ပတ္တရားကမ်းခြေမှာ အားလပ်ရက်အပန်းဖြေခရီးရာသီကို နိုဝင်ဘာ ၂၇ ရက်က စည်စည်ကားကား ဖွင့်လှစ်လိုက်ပါတယ်။ ခရီးသွားလုပ်ငန်းပေါ် မှီခိုနေရတဲ့ နိုင်ငံ့စီးပွားရေးကို အထောက်အကူဖြစ်စေဖို့ ထိုင်းနိုင်ငံဟာ ခရီးသွားဧည့်သည် အရေအတွက် အကန့်အသတ်နဲ့  ဖြည်းဖြည်းချင်း ပြန်ဖွင့်ဖို့ လိုလားနေပါတယ်။  ပတ္တရားကမ်းခြေဟာ ပြီးခဲ့တဲ့ ဧပြီလက ကိုဗစ်ကူးစက်မှု အဆိုးဆုံးနေရာတစ်ခု ဖြစ်ခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားတွေ လည်ပတ်ခွင့်တားမြစ်ခဲ့ပါတယ်။ အောက်တိုဘာလမှာတော့ ကန့်သတ်ချက်တွေ ဖြေလျှော့ခဲ့ပြိး ပထမဆုံးကမ္ဘာလှည့်ခရီးသွား ၁,၂၀၁ ဦး လာရောက်ခဲ့ပါတယ်။ ထိုင်းခရီးသွားလုပ်ငန်း ကိန်းဂဏန်းတွေအရ မကြာသေးခင်က လာရောက်တဲ့ ဧည့်သည်တွေထဲမှာ  တရုတ်နိုင်ငံက အယောက် ၄၀၀ ကျော်၊ အိမ်နီးချင်း ကမ္ဘောဒီးယားက ၂၀၀၊ အရှေ့အလယ်ပိုင်းက ၁၇၀ ကျော် နဲ့ ဥရောပက အယောက် ၁၀၀ ကျော်တို့ ဖြစ်ပါတယ်။  အဲဒီခရီးသွားအားလုံးဟာ ရက် ၉၀ အထူးဗီဇာနဲ့ လာရောက်တာဖြစ်ပြီး ကွာရန်တင်း သီတင်းနှစ်ပတ် ဝင်ရတယ်လို့ ရိုက်တာက ဆိုပါတယ်။ 
5 months Ago
Up