အပန်း​ဖြေ​လျှောက်လမ်း

April 13, 2019

မန္တလေး နန်းမြို့ရိုး၊ ကျုံး အပန်း​ဖြေ​လျှောက်လမ်း ဖွင့်လှစ်

မန္တလေးမြို့ ၆၆ လမ်း၊ နန်းမြို့ရိုးနဲ့ ကျုံးအ​ရှေ့ဘက်​ ပလပ်ဖောင်းမှာကို အဆင့်မြှင့်တင်ပြီး အပန်း​ဖြေ လျောက်​လမ်းအဖြစ်​ ဒီကနေ့ ဧပြီ ၁၃ ရက်မှာ မန္တ​လေးတိုင်း​ဒေသကြီး ၀န်ကြီးချုပ် ​ဒေါက်​တာ​ဇော်​မြင်​​မောင်​က ဖွင့်​လှစ်​​ပေးလိုက် ပါတယ်။ “နန်း​တော်​ရယ်​၊ မြို့ရိုးရယ်​၊ ကျုံးရယ်​ဟာ ပြည်​သူ​တွေပိုင်​တာပါ။ ကျနော်တို့ မစောင့်ရှောက်ရင် ဘယ်​သူ​တွေ​ စောင့်​​ရှောက်​မလဲ။ ကျ​နော်​တို့ ရည်​မှန်းချက်​ကိုက ၂၀၃၀ မှာ မန္တ​လေးမြို့ကြီးဟာ သန့်​ရှင်းရမယ်​၊ သပ်ရပ်ရမယ်၊ ခေတ်မီရမယ်၊ နိုင်​ငံ တကာနဲ့ မပြိုင်​နိုင်​​တောင်​ အာဆီယံမှာ မန္တ​လေးမြို့ဟာ  သန့်ရှင်းသပ်​ရပ်​ပြီး ခေတ်​မှီတဲ့ မြို့တမြို့ ဖြစ်အောင် ကျနော်တို့ ဝိုင်းပြီးလုပ်​ကြမယ်​။ ဘယ်​​နေရာမှာမဆို ပြည်​သူမပါဘဲနဲ့မရဘူး”လို့ မန္တ​လေး တိုင်းဝန်​ကြီးချုပ်​​ ဒေါက်​တာဖော်မြင့်မောင်က အပန်း​ဖြေ​ လျောက်​လမ်း ဖွင့်ပွဲမှာ ပြောပါတယ်။ အဆင့်မြှင့်တင်ရာမှာ သင်္ဂဟ​ဖောင်​​ဒေးရှင်းက​ နန်းမြို့ရိုးကျုံးအ​ရှေ့ဘက်​ ၆၆လမ်းကို အပန်း​ဖြေ​လျှောက်လမ်းအတွက် အခြေခံကွန်ကရစ်လောင်းကာ အပူဒဏ်ခံနိုင်တဲ့ ကြွေပြားတွေခင်းပြီး​ အောင်​မြင်ခဲ့တာကြောင့် မန္တလေးမြို့တော်ဝန် ဦးရဲလွင်​ထံကို လွှဲ​ပြောင်း​ ပေးအပ်​ခဲ့ပါတယ်​။ ၆၆ လမ်း ကျုံးအရှေ့ဘက်မှာ ပြုလုပ်ထားတဲ့ ပလက်ဖောင်းဒီဇိုင်းနဲ့ ပတ်သက်​ပြီး ပြည်သူတွေထံက​နေ ဆန္ဒသဘောထား ကောက်ယူပြီးရရှိလာတဲ့ ဆန္ဒသဘောထားအတိုင်း စတီးကြိုးအကာရံနဲ့ တပ်ဆင်လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
2 years Ago
Up