အပန်းဖြေ ရေကစားနေကြသူများ (သတင်းဓာတ်ပုံ)

April 4, 2017

၇ မိုင်ကမ်းခြေတွင် အပူဒဏ်ရှောင် အပန်းဖြေ ရေကစားနေကြသူများ (သတင်းဓာတ်ပုံ)

မြန်မာနိုင်ငံ ဒေသအနှံ့ နေ့အပူချိန်တွေ မြင့်တက်နေချိန် မန္တလေးမြို့အနီး ၇ မိုင်ကမ်းခြေမှာတော့ အနယ်နယ်အရပ်ကနေ ရောက်လာကြတဲ့  ထောင်နဲ့ချီတဲ့ အပန်းဖြေ ရေကစားသူတွေနဲ့ နေ့စဉ် စည်ကားလို့နေပါတယ်။ ပြင်ဦးလွင်မြို့နယ် ဒီးဒုတ်ဆည်အနီး ဒုဋ္ဌဝတီမြစ်ဘေးမှာ ဖန်တီးပြုလုပ်ထားတဲ့ ၇ မိုင် ကမ်းခြေမှာ လူကြီးတွေအတွက် နားခိုစရာနေရာတွေ လုပ်ပေးထားတဲ့အပြင်  ကလေးငယ်တွေ ပျော်ရွှင်စွာ ကစားနိုင်ဖို့အတွက်လည်း အရုပ်တွေ ရရှိနိုင်ပါတယ်။ ကမ်းခြေဝင်ကြေးက ၁ ဦးကို ၁၀၀၀ ကျပ်ပေးရပြီး  သက်ကယ်အင်္ကျီနဲ့ ဘောကွင်းတွေကတော့ ဘယ်သူမဆို အခမဲ့ ငှားရမ်းအသုံးပြုနိုင်တာပါ။ လုံခြုံရေးအရ အရက်နဲ့ ဘီယာပုလင်းတွေကို ရေသန့်ဘူးနဲ့ လှယ်ထည့်ရပြီး CCTV ကင်မရာတွေတပ်ကာ စောင့်ရှောက်ကာကွယ်ပေးထားပါတယ်။ ရေဆော့ကစားရာမှာ သတ်မှတ်နယ်နိမိတ်စည်းအတွင်းမှာသာ ဆော့ကစားကြဖို့ တာဝန်ရှိသူတွေက မကြာခဏ အသံချဲ့စက်နဲ့ သတိပေးတာတွေလည်း ပြုလုပ်ပါတယ်။ ကမ်းခြေမှာ လုံခြုံရေးလှေတွေအစောင့်ချထားပြီး လုံခြုံရေးရှပ်ပြေးယာဉ် ၃ စီးကလည်း ၁၅ မိနစ် ၁ ကြိမ်လောက် ဒုဋ္ဌဝတီမြစ်အတွင်း လှည့်လည်ပြီး ရေကင်းအဖြစ် စစ်ဆေးစောင့်ရှောက်ပေးနပါတယ်။ ဓာတ်ပုံ - အောင်အောင်နိုင်
4 years Ago
Up