အပန်းဖြေစခန်း ဖွင့်လှစ်မည်

April 21, 2017

နေပြည်တော်တွင် အလုပ်လက်မဲ့ဆင်များဖြင့် အပန်းဖြေစခန်း ဖွင့်လှစ်မည်

နေပြည်တော်မှာ သစ်ထုတ်ရေးလုပ်ငန်းက အလုပ်လက်မဲ့ဖြစ်နေတဲ့ ဆင်တချို့ကို အသုံးပြုပြီး လာမယ့် မေလမှာ အပန်းဖြေစခန်းတခု ဖွင့်လှစ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ မြန်မာ့သစ်လုပ်ငန်းက သိရပါတယ်။ အဲဒီအပန်းဖြေစခန်းကို ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းလို့ အမည်ပေးထားပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရဲ့ မိုင်တိုင် ၂၁၇/၀ ငလိုက်ဆည်အနီးမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဝင်ကြေးအနေနဲ့ကတော့ ပြည်တွင်းခရီးသည် တဦးကို ကျပ် ၁၀၀၀ သတ်မှတ်ထားပြီးတော့ နိုင်ငံခြားသားဧည့်သည်တွေအတွက်တော့ တဦးကို ကျပ် ၂၀၀၀၀ သတ်မှတ်ထားပါတယ်။ ဆင်စီးခအနေနဲ့လည်း ပြည်တွင်းခရီးသည် တဦးကို ကျပ် ၅၀၀၀ သတ်မှတ်ထားပြီး နိုင်ငံခြားသားဧည့်သည် တဦးကို ကျပ် ၂၀၀၀၀ သတ်မှတ်ထားပါတယ်။ အဲဒီဆင်စခန်းမှာ အသက် ၂ နှစ်နဲ့ ၃ နှစ် အရွယ်ဆင် ၂ ကောင် အပါအဝင် ဆင်အကောင်ရေ ၇) ကောင်ရှိကာ ဆင်တွေကို နံနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ ထားရှိမြာဖြစ်ပါတယ်။ ဆင်တွေကို သတ်မှတ် အဝတ်အစားနဲ့ လာရောက်လည်ပတ်သူတွေ ကိုယ်တိုင်ရေချိုးပေးနိုင်အောင် စီစဉ်ပေးထားတယ်လို့လည်း သိရပါတယ်။
4 years Ago
Up