နေပြည်တော် - ပင်လောင်းကားလမ်း တောင်ကျ ကျေးရွာအနီးမှာရှိတဲ့ နေပြည်တော် ရေပူစမ်း အပန်းဖြေစခန်းကို နိုဝင်ဘာလ ၂၆ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပါတယ်။
နေပြည်တော်ရေပူစမ်းအပန်ဖြေစခန်းဟာ ပင်လောင်းမြို့နယ်၊ တောင်ကျ ကျေးရွာ အနီးမှာတည်ရှိပြီး နေပြည်တော် - ပင်လောင်း ကားလမ်း မိုင်တိုင် ၂၄ မိုင် ၄ ဖာလုံ လမ်းခွဲမှ ၁ မိုင် ၆ ဖာလုံ ကွာဝေးပါတယ်။
အဲဒီရေပူစမ်းအပန်းဖြေစခန်းမှာ အထူးဘန်ဂလို ၁ လုံး၊ သီးသန့်ဘန်ဂလို ၃ လုံး၊ ၆ ခန်းတွဲ ရေစိမ် ခန်း ၁ လုံး၊ ၂ ခန်းတွဲရေစိမ်ခန်း ၂ လုံးတို့ကို တည်ဆောက်ထားပြီး အမျိုးသား ပြင်ပရေ စိမ်ကန် ၂ ကန်၊ အမျိုး သမီး ပြင်ပရေစိမ်ကန် ၂ ကန်၊ နားနေဆောင် ၃ ဆောင်နဲ့ အမျိုးသား အမျိုးသမီးအ၀တ်လဲခန်းတွေကို ထည့်သွင်း တည်ဆောက်ထားပြီး ၂၀၁၀ခုနှစ် ဧပြီလ ၉ ရက်နေ့စတင်ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။
အပန်းဖြေစခန်း ဝင်ကြေးနှုန်းထားတွေကိုတော့ လူတစ်ဦးကို ၅၀၀ကျပ်၊ ဆိုင်ကယ်ဝင်ကြေး ၁စီး ၅၀၀ကျပ်၊ ယာဉ်ဝင်ကြေးကိုတော့ တစီး ၂၀၀၀နှုန်း၊ သီးသန့်ရေစိမ်ခန်း ၁ ဦးကို ၁၀၀၀နှုန်းနဲ့ ဘန်ဂလိုရေစိမ်ခန်းကိုတော့ တရက်ကို ၂၀၀၀၀ ကျပ်နှုန်းကောက်ခံမှာဖြစ်ပြီး ပြင်ပရေစိမ်ကန်မှာတော့ အခမဲ့ရေစိမ်နိုင်တယ်လို့သိရပါတယ်။
နေပြည်တော်ရေပူစမ်းဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၅၀၈တွင်တည်ရှိပြီး အဲ့ဒီအပန်းဖြေစခန်းမှာ ဒေသထွက်သီးနှံတွေဖြစ်တဲ့ နနွင်းခါး၊ ဖာလာ၊ ရွှေနီဌက်ပျောနဲ့ ဆေးဖက်ဝင်သစ်ဥသစ်ဖုတွေအပြင် တောဝက်သား၊ ပွေးသား၊ မျောက်သား၊ ဂျီသား၊ ဆတ်သား၊ တောင်ဆိတ်သားစတဲ့ တောင်ကောင်သားတွေလဲရရှိနိုင်ပါတယ်။
6 years Ago