အပန်းဖြေခရီးထွက်လာသည့်စုံတွဲ ဓားကိုင်ခြိမ်းခြောက်ခံရပြီး မိန်းကလေး အဓမ္မပြုကျင့်ခံရ

April 10, 2017

အပန်းဖြေခရီးထွက်လာသည့်စုံတွဲ ဓားကိုင်ခြိမ်းခြောက်ခံရပြီး မိန်းကလေး အဓမ္မပြုကျင့်ခံရ

ဂျာမနီနိုင်ငံမှာ အပန်းဖြေခရီးထွက်လာတဲ့ စုံတွဲတတွဲကို အမျိုးသားတဦးက ဓားကိုင်ခြိမ်းခြောက်ကာ သူ့ရဲ့ ချစ်သူမိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေးလီးမေးလ် သတင်းတပုဒ်မှာ ဧပြီ ၉ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီလူငယ်စုံတွဲဟာ အရင် ဂျာမနီနိုင်ငံမြို့တော် ဘွန်းမြို့ရဲ့မြောက်ဘက် ဆီဂူး သဘာဝဘေးမဲ့တောတွင်းကို အပန်းဖြေခရီး ထွက်ခဲ့ချိန်မှာ ခုလိုဖြစ်ခဲ့တာပါ။ ပြစ်မှုကျူးလွန်သူဟာ အသက် ၃၁ နှစ်အရွယ် ဂါနာနိုင်ငံမှ ဒုက္ခသည်ခိုလှုံခွင့်နဲ့ ရောက်ရှိနေသူ အမျိုးသားတဦးဖြစ်ကာ အဲဒီနေ့ မနက်ပိုင်း ၁၂ နာရီခွဲလောက်မှာ သူတို့စတည်းချနေတဲ့ ရွက်ဖျင်တဲဆီ တိတ်တဆိတ် ရောက်ရှိလာခဲ့တာပါ။ အဲဒီနောက် သူဟာ အသက် ၂၆ နှစ်အရွယ် အမျိုးသားကို ဓားကိုင်ခြိမ်းခြောက်ကာ အသက် ၂၃ နှစ်အရွယ် သူ့ရဲ့ ချစ်သူမိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တာပါ။ ဒီ့နောက် ချစ်သူအမျိုးသားဟာ ရဲတွေကို ဆက်သွယ် အကူအညီတောင်းခံခဲ့ပြီး တိုင်ကြားခဲ့ကာ မိန်းကလေးကိုတော့ ဆေးရုံပို့ဆောင် ကုသမှု ပေးခဲ့ရတာပါ။ ဧပြီ ၈ ရက်နေ့မှာတော့ လမ်းသွားလမ်းလာတဦးရဲ့ သတင်းပေးချက်အရ ရဲတွေရဲ့ ဝရမ်းထုတ်ပြန်ထားတဲ့ ဓာတ်ပုံနဲ့တူသူ ပြစ်မှုကျူးလွန်တဲ့ အမျိုးသားကို ရဲတွေက ဖမ်းဆီးရမိခဲ့တာပါ။ သူ့ကို ဒီအန်အေ စစ်ဆေးခဲ့ချိန်မှာတော့ ပြစ်မှုကျူးလွန်ကြောင်း သေချာတယ်လို့ ရဲတွေက အတည်ပြုလိုက်တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up