အပစ်အခတ်အက်ရှင်

January 29, 2020

စုံစမ်းဖော်ထုတ် အပစ်အခတ်အက်ရှင် ဟောလိဝုဒ်ရုပ်ရှင်-The Rhythm Section(နမူနာ)

ဟောလိဝုဒ်အက်ရှင်ဒရာမာအမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ The Rhythm Section ကို လာမယ့် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ နာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတခုဖြစ်တဲ့ Paramount Pictures က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် အမျိုးသမီးရုပ်ရှင်ဒါရိုက်တာ Reed Morano က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က လေယာဉ်ပျက်ကျမှုတခုကြောင့် မိ သားစုဝင်တွေဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီး Stephanie Patrick အကြောင်းကို ရှုစားကြရမှာဖြစ်ပြီး အဲဒီလေယာဉ်ပျက်ကျခဲ့မှုဟာ သာမန်သွေးရိုးသားရိုးဖြစ်စဉ်တခု မဟုတ်ဘဲ လုပ်ကြံမှုတခု ဖြစ်နေတာကို သိလိုက်ရတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ။ ဒါကို လက်တုံ့ပြန် ဖို့ Stephanie တယောက် ဘယ်လို Mission တွေနဲ့ တရားခံကို စုံစမ်းဖော်ထုတ်မလဲ ဆိုတာတွေကို အက်ရှင်အပစ်အခတ် ဇာတ်ဝင်ခန်းတွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ The Age of Adaline ၊ The Shallows ၊ A Simple Favor စတဲ့ ရုပ်ရှင်ကားတွေနဲ့ ပရိသတ်တွေသိကြတဲ့ ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး Blake Lively ၊ ဝါရင့်သရုပ်ဆောင်မင်းသား Jude Law နဲ့ Sterling K. Brown တို့က အဓိက ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၀၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။
1 year Ago
Up