အပစ်ရပ်ရေးသဘောတူညီချက်

October 24, 2020

လစ်ဗျားလက်နက်ကိုင်များကြား အပစ်ရပ်ရေးသဘောတူညီချက် လက်မှတ်ထိုး

စစ်ဖြစ်နေတဲ့ လစ်ဗျားလက်နက်ကိုင်တွေကြား ထာဝရ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်ကို အောက်တိုဘာ ၂၃ ရက်က  ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ လက်မှတ်ရေးထိုး ခဲ့ပါတယ်။  ဒါပေမဲ့ နှစ်များစွာကြာနေတဲ့ ပရမ်းပတာအခြေအနေနဲ့ သွေးထွက်သံယိုတွေ အဆုံးသတ်ရေး ကတော့ လက်နက်ကိုင်အဖွဲ့တွေနဲ့ သူတို့ကို ထောက်ပံ့နေတဲ့ ပြည်ပအင်အားကြီးနိုင်ငံတွေကြား ကျယ်ကျယ်ပြန့်ပြန့် သဘောတူဖို့ လိုအပ်ဦးမှာပါ။  ဒီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ချက်ချင်းအသက်ဝင်မှာဖြစ်ပြီး နိုင်ငံခြား လက်နက်ကိုင်အားလုံး လစ်ဗျားနိုင်ငံကနေ ၃ လအတွင်း ထွက်ခွာရမယ်လို့ ယာယီကု‌ေသံတမန်  စတက်ဖန်တီဝီလီယံက ပြောပါတယ်။  တပ်ဖွဲ့ဝင်တွေဟာလည်း ရှေ့တန်းအရပ်ကနေ ဆုတ်ခွာရမှာ ဖြစ်ပြီး အဲဒီနေရာတွေမှာ ပူးတွဲ ရဲတပ်ဖွဲ့သစ်က လုံခြုံရေး ယူသွားမှာပါ။  နိုင်ငံခြား တိုက်ခိုက်ရေးသမားတွေ ထွက်ခွာရေးကို စောင့်ကြည့်တာနဲ့ လက်နက်ကိုင်တပ်ချင်း ပူးပေါင်းတာ စတဲ့ အသေးစိတ်အချက်အလက်တွေကို လာမယ့်ဆွေးနွေးပွဲတွေမှာ ဆပ်ကော်မတီတွေက တာဝန်ယူသွားမယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
1 year Ago
Up