ရုာရှားနဲ့တူရကီတို့ဟာ နာဂေါ်နို ခါရာဘတ်ဒေသမှာ မနှစ်က လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်အပြီး သဘောတူခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို လေ့လာစောင့်ကြည့်ဖို့ ဇန်နဝါရီ ၃၀ ရက်မှာ ပူးတွဲ စင်တာတရပ် ဖွင့်လှစ်လိုက်တယ်လို့ အဇာဘိုင်ဂျန် ကာကွယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၃၀ ရက်မှာ ပြောပါတယ်။
ဒီစင်တာကို တည်ထောင်ဖို့ ၂ နိုင်ငံ ကိုယ်စားလှယ်တွေ နိုဝင်ဘာလမှာ သဘောတူခဲ့ပြီး အဇာဘိုင်ဂျန်နိုင်ငံ အဂ်ဒမ်ဒေသမှာ တရားဝင်ဖွင့်လှစ်ခဲ့ပါတယ်။
ခုတော့ တူရကီနဲ့ ရုရှား နှစ်ဖက်စလုံးက ဝန်ထမ်း အယောက် ၆၀ လောက် အဲ့ဒီစခန်းထဲမှာ တာဝန်ထမ်းဆောင်နေတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။
တူရကီဘက်က ဗိုလ်ချုပ်ကြီးတယောက်နဲ့ တပ်ဖွဲ့ဝင် ၃၈ ယောက် အဲဒီဌာနမှာ အလုပ်လုပ်မယ်လို့ ပြောပါတယ်။
တခြား သတင်းရင်းမြစ်တွေ ဆီကနေရတဲ့ သတင်းအချက်အလက်တွေကို ချင့်တွက်ပြီး မောင်းသူမဲ့ လေကြောင်းယာဉ်တွေကို သုံးရင်း စောင့်ကြည့်သွားမယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကို ကိုးကားပြီး အင်တာဖက်စ် သတင်းမှာ ဖော်ပြပါတယ်။