အပင်ပေါ်က ပြုတ်ကျ

December 23, 2019

သြစတြေးလျတွင် ပြင်းထန်သည့်အပူရှိန်ကြောင့် ဇီးကွက်များ အပင်ပေါ်က ပြုတ်ကျ

ပူပြင်းတဲ့ ရာသီဥတု အခြေအနေကြောင့် သစ်ပင်ပေါ်က ပြုတ်ကျလာတဲ့ ဇီးကွက်တကောင်ကို သြစတြေးလျ စုံတွဲတတွဲက  ကယ်ဆယ်ပေးခဲ့ရပါတယ်။  ဒီဖြစ်ရပ်ဟာ သြစတြေးလျနိုင်ငံမှာ အပူဆုံးအဖြစ် စံချိန်တင်ခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ မာရီအဒမ်တ်ဘီယို ဆိုတဲ့ အမျိုးသမီးတစ်ဦးက ဇီးကွက်တကောင်ကို နေရာရွှေ့ပေးနေတဲ  သူ့ခင်ပွန်းရဲ့လုပ်ရပ်ကို ဗွီဒီယိုရိုက်ကူးခဲ့ပါတယ်။ သြစတြေးလျအမျိုးသမီးက “ဇီးကွက်တွေဟာ နေ့ဘက်မှာ မမြင်ရဘူးလေ။ ဒါ့ကြောင့် သူဟာ အပင်ပေါ်ကနေ ပြုတ်ကျလာတာ ဖြစ်နိုင်ပါတယ်။ သူ့ကြည့်ရတာ အရမ်းကိုပူနေတဲ့ ပုံပေါက်နေပြီးတော့ ရေတိုက်တော့လည်း သူ့တကိုယ်လုံးကို ရေစွတ်နေတာ တွေ့ရပါတယ်။ ပြီးတော့ ဒီကောင်လေးဟာ ခွေးတွေမှာလိုပဲ အရမ်းကိုလည်း မောပန်းနေပါတယ်” လို့ ပြောပါတယ်။ အဲဒီနေ့မှာ အဒီလိတ်မြို့ရဲ့ အပူချိန်မှာ ၄၅ ဒသမ ၃ စင်တီဂရိတ်အထိ ရှိနေခဲ့ပါတယ်။ နိုင်ငံတောင်ပိုင်း ပြည်နယ်ရဲ့ တခြားဒေသတွေမှာလည်း အပူချိန်ဟာ ၄၉ ဒသမ ၉ အထိရှိခဲ့ကာ ဒါဟာ သမိုင်းတလျှောက် စတုတ္ထမြောက် အပူချိန်အပြင်းထန်ဆုံး ဖြစ်တယ်လို့လည်း နိုင်ငံရဲ့ မိုးလေဝသဗျူရိုက ပြောပါတယ်။
2 years Ago
Up