အပင်မျောလေးများ (ရုပ်သံ)

February 9, 2018

အရောင်ထွက်နိုင်တဲ့ ထူးဆန်းဖွယ် အပင်မျောလေးများ (ရုပ်သံ)

အမေရိကန်နိုင်ငံ ကာလီဖိုးနီးယား ကမ်းရိုးတန်းတလျှောက်မှာ ဇီဝနည်းအရ အရောင်ထွက်နိုင်တဲ့ အပင်မျောလေးတွေကြောင့် ဖေဖော်ဝါရီ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ အရောင်လင်းနေတာကို တွေ့ရတာပါ။ ဘစ်ဆောရ်မြို့ ကမ်းရိုးတန်းမှာ အနုကြည့် မှန်ဘီလူးနဲ့ ကြည့်မှ မြင်ရတဲ့ အပင်တွေကနေ အရောင်တွေ လင်းနေတာကို ဓာတ်ပုံ ဆရာ ဂျော့ခ်ျ ခရေဂျာက ရုပ်သံရော ဓာတ်ပုံပါ ရိုက်ကူးခဲ့ပါတယ်။ ဒီညနေမှာ ဘစ်စ်ဘီချောင်းတံတားအောက်မှာ အပင်မျှောလေးတအုပ်က ညဘက် မီးရောင်လင်းနေတယ်လို့ သူက လူမှုကွန်ရက်ပေါ်မှာ အင်္ဂါနေ့က တင်ပြခဲ့ပါတယ်။
4 years Ago
Up