အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ရွေးချယ်

A d v e r t i s e m e n t With Us

January 1, 2021

ဖမ်းဆီးထားသည့် အန်အယ်လ်ဒီ ကိုယ်စားလှယ်များကို အေအေ ပြန်လွှတ်ပေးမည်

ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( အန်အယ်လ်ဒီ) ကိုယ်စားလှယ်လောင်း ၃ ဦးကို ဒီကနေ့ ပြန်လွှတ်ပေးဖို့ ရှိနေတယ်လို့  ရက္ခိုင့်တပ်တော်(အေအေ) ကပြောပါတယ်။ အေအေအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သူခက  “တောင်ကုတ်က အန်အယ်လ်ဒီအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်၊ ဒေါ်ချစ်ချစ်ချောတို့ သုံးယောက်ကို ကျနော်တို့၂၀၂၁ ခု ဇန်နဝါရီ လ ၁ ရက်နေ့မှာ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ၊ မိချောင်းတက်ရွာမှာ ကျနော်တို့ လွှတ်ပေးဖို့ စီစဉ်ထားတာရှိတယ်ဗျ၊ အဲဒီမှာ ရက္ခိုင့်တပ်တော်ရဲ့ လွှဲပြောင်းရေးအဖွဲ့ကနေပြီးတော့မှ မြန်မာစစ်တပ်ရဲ့ လက်ခံရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် စိုးတင့် ဦးဆောင်တဲ့ အဖွဲ့ဆီကို ကျနော်တို့ ကောင်းကောင်းမွန်မွန် ပြန်လည် လွှဲပြောင်းအပ်နှံပြီးတော့မှ လွှတ်ပေးမှာဖြစ်တယ်ဗျ”လို့ ဒီဗွီဘီကို ပြောပါတယ်။ ရခိုင်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်နဲ့ တပ်မတော်ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်တို့ ဒီဇင်ဘာလ ၃၀ ရက်က ပြုလုပ်တဲ့ ဒုတိယအကြိမ် အွန်လိုင်းဆွေးနွေးပွဲ ရလဒ်အရ ခုလိုလွှတ်ပေးလိုက်တာလို့လည်း ပြောပါတယ်။   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း  ဒေါ်ချစ်ချစ်ချောတို့ဟာ  တောင်ကုတ်မြိုနယ်ဆောင်းခါးကျေးရွာကို မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ ဆောင်ရွက်ရင်း အောက်တိုဘာ ၁၄ ရက်နေ့မှာ ဖမ်းဆီးခံရတာပါ။ အေအေအဖွဲ့ရဲ့ ဖမ်းဆီးခံထားရတဲ့ တောင်ကုတ်မြို့နယ်က အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ၃ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုထားပါတယ်။
2 months Ago

November 9, 2020

ဖြူးမြို့နယ်တွင် အန်အယ်လ်ဒီ ကိုယ်စားလှယ်အားလုံး အနိုင်ရ 

ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ အန်အယ်လ်ဒီပါတီ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်အားလုံး မဲအပြတ်အသတ်နဲ့ အနိုင်ရရှိတယ်လို့ ဖြူးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်အေးဝင်းက ပြောပါတယ်။ “အခု လက်ရှိမှာ အန်အယ်လ်ဒီ ကိုယ်စားလှယ်အားလုံးက မဲအပြတ်အသတ်နဲ့ နိုင်ထားပါတယ်။ အရေအတွက်ကတော့ တွက်ချက်နေဆဲပါ။ အခုလို အပြတ်အသတ် အန်အယ်လ်ဒီ နိုင်တာက ပြည်သူတွေရဲ့ ကျေးဇူးကြောင့် ကျနော်တို့အတွက် အောင်နိုင်ရေးကို သူတို့ပဲ လုပ်ပေးခဲ့တာပါ”လို့ ပြောပါတယ်။ ရွေးကောက်ပွဲ ရလဒ်ကို မြို့နယ်ကော်မရှင်အနေနဲ့တော့ အတည်ပြု မပေးနိုင်သေးကြောင်းနဲ့ ကိုယ်စားလှယ်တွေကို ခေါ်နေပြီဖြစ်ပြီး သူတို့ကို လက်မှတ်ထိုးခိုင်းကာ အထက်ကိုတင်ပေးပြီး တိုင်းအဆင့်က အတည်ပြုပြီးမှသာ အတည်ပြုပေးနိုင်မှာလို့ ဖြူးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ခွဲ အတွင်းရေးမှူး ဦးထွန်းလင်းက ဒီဗွီဘီကို ပြောပါတယ်။ ဖြူးမြို့နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲကို နိုင်ငံရေးပါတီ စုစုပေါင်း ၆ ပါတီနဲ့ တစ်သီးပုဂ္ဂလိက ကိုယ်စားလှယ် ၁ ဦးတို့ ဝင်ရောက်အရွေးချယ်ခံတာဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၁၀,၀၀၀ ကျော်ရှိပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)
4 months Ago

မိုး​ကောင်းတွင် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းများ အနိုင်ရ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုး​ကောင်းမြို့မှာ လွှတ်​တော်သုံးရပ်အပြင်  တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်နေရာမှာပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရတယ်လို့ အန်အယ်လ်ဒီ ပြည်သူ့လွှတ်​တော် ကိုယ်စားလှယ် ဦး၀င်းနိုင်က ဒီဗွီဘီကို ​ပြောပါတယ်။ မိုး​ကောင်းမြို့မှာ မဲရုံ​ပေါင်း ၇၀ ရှိရာ အန်အယ်လ်ဒီကိုယ်စားလှယ်လောင်းတွေက  မဲရုံ ၅၄ ရုံလုံးကို မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပြီး  ရာခိုင်နှုန်းအားဖြင့်  ၇၅ ရာခိုင်းနှုန်းရှိတယ်လို့ ဆိုပါတယ်။ အန်အယ်လ်ဒီ ရှုံးတဲ့ မဲရုံ​နေရာတွေမှာတော့  တိုင်းရင်းသားပါတီ လွှတ်​တော်ကိုယ်စားလှယ်​လောင်း​တွေက အနိုင်ရရှိခဲ့တာပါ။ မိုး​ကောင်းမြို့မှာ ဆန္ဒမဲ​ပေးနိုင်သူဦး​ရေ ၁၀၃,၂၅၃ ယောက်ရှိပြီး နိုင်ငံရေး ပါတီ​ပေါင်း ၈ ပါတီက ကိုယ်စားလှယ်​လောင်း  ၅၆  ယောက် ဝင်ပြိုင်ခဲ့တာပါ။  ၂၀၁၅​ ရွေး​ကောက်ပွဲတုန်းက ပါတီ​ပေါင်း ၉ ပါတီ၀င်ပြိုင်ခဲ့ပြီး အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့တဲ့ မြို့လည်းဖြစ်ပါတယ်။ သတင်း- ကိုထက် (MJI)
4 months Ago
More News
Up