အန်အယ်လ်ဒီအမတ် ဦးဌေးအောင်

August 11, 2021

ဝါးခယ်မမြို့နယ် အန်အယ်လ်ဒီအမတ် ဦးဌေးအောင် ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်ဟာ သြဂုတ် ၁၀ ရက် ညပိုင်းက ကိုဗစ်-၁၉ ရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

အသက် ၆၉ နှစ်အရွယ်ရှိ ဦးဌေးအောင်ဟာ ကိုဗစ်ရောဂါကူးစက်ခံရလို့ အင်းစိန်ဆေးရုံမှာ တက်ရောက် ဆေးကုသမှုခံယူနေချိန် မနေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်မှာ ကွယ်လွန်ခဲ့တာလို့ သိရပါတယ်။

"ဆုံးတာက မနေ့ညပိုင်းက ဆုံးတာပါ ကိုဗစ်ဖြစ်လို့ အင်းစိန် ဆေးရုံမှာ ဆေးကုသနေတုန်း ဆုံးတာပါ''လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက  ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်ဟာ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း ၅ နှစ်မှာ ဧရာဝတီတိုင်းဒေသကြီးတောင်သူလယ်သမားရေးရာလုပ်ငန်းအဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

ဦးဌေးအောင်ဟာ အန်အယ်လ်ဒီပါတီစတင်တည်ထောင်စဉ် ကတည်းက မကွယ်လွန်ခင်အချိန်ထိ နိုင်ငံနဲ့ ပြည်သူ့အကျိုးကိုရှေးရှုပြီး ပါတီတာဝန်တွေကို ကိုယ်ကျိုးစွန်ထမ်းဆောင်ခဲ့တာကြောင့် အထူးမှတ်တမ်းတင်ဂုဏ်ပြုတဲ့အကြောင်း NLD ပါတီက ထုတ်ပြန်ကြေညာပါတယ်။

4 months Ago
Up