အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး

March 20, 2021

မွန်ပြည်နယ်ရှိ အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးကို အမှုဖွင့်

မွန်ပြည်နယ်ရှိ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးကို အာဏာသိမ်း စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ဥပဒေ ပုဒ်မ ၅၀၅ နဲ့   အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

အမှုဖွင့်ခံထားရတဲ့ ကိုယ်စားလှယ် ၁၆ ဦးစလုံးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်ပြီး သူတို့ အားလုံးဟာ  ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရထားသူတွေ ဖြစ်ပါတယ်။

အမှုဖွင့်ခံထားရတဲ့ ကိုယ်စားလှယ် ၁၆ ဦးထဲမှာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနဲ့ သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကတော့ ဖမ်းဆီးခံထားရပြီး ကျန်ကိုယ်စားလှယ် ၁၄ ဦးကတော့  တိမ်းရှောင်နေကြပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲ ဦးဆောင်တဲ့ စွပ်စွဲချက်တွေ၊ လူမှုကွန်ယက်စာမျက်နှာမှာ လှုံ့ဆော်ရေးသားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) ၊ (ခ) နဲ့ တရားစွဲ ဆိုထားပါတယ်။

9 months Ago
Up