အန်အယ်လ်ဒီရုံးချုပ်

February 15, 2021

အန်အယ်လ်ဒီ ရုံးချုပ်ကို ရဲနှင့်စစ်တပ်က ဝန်းရံပိတ်ဆို့ပြီးနောက် ပြန်လည်ထွက်သွား

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟို  ရုံးချုပ်ကို စစ်တပ်နဲ့ ရဲလုံခြုံရေးတပ်ဖွဲ့တွေက  ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းမှာ  ဝန်းရံပိတ်ဆို့ခဲ့ပါတယ်။

အန်အယ်လ်ဒီရုံးထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေ   ပိတ်မိနေတယ်ဆိုတဲ့ သတင်းတွေကြောင့်  ဆန္ဒပြတဲ့ပြည်သူတွေကလည်း အန်အယ်လ်ဒီရုံးအနီးကို စုရုံးရောက်ရှိလာပြီး လာရောက်ဝန်းရံခဲ့ပါတယ်။ 

အန်အယ်လ်ဒီရုံးဘက်ကို မောင်းလာတဲ့ ရဲကား ၉ စီး၊ အချုပ်ကား ၁ စီး၊ water cannon တစ်စီး၊ ရေသယ်ကားတစ်စီးကိုလည်း  ပြည်သူတွေကတားဆီးခဲ့ပါတယ်။

ရုံးချုပ်ရှေ့မှာ လမ်းပိတ်ပြီး  လာရောက်နေရာယူနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ  ညနေ ၅ နာရီမှာ ပြန်လည်ထွက်ခွာသွားတဲ့အတွက် ပြည်သူတွေဟာလည်း ရဲတပ်ဖွဲ့ ပြန်သွားပြီးတာနဲ့ လူစုခွဲကာ  ပြန်လည်ထွက်ခွာသွားပါတယ်။

ဓာတ်ပုံ- ခိုင်ပန်းနု၊ နူးရာ ၊ ကိုကိုမောင်

10 months Ago
Up