အန်အယ်လ်ဒီရပ်ကျေးအုပ်ချုပ်​ရေးမှူးဟောင်း

September 9, 2021

ရေကြည်၌ ပါဆယ်ဗုံးဖြင့်တိုက်ခိုက်ခံရသဖြင့် အန်အယ်လ်ဒီရပ်ကျေးအုပ်ချုပ်​ရေးမှူးဟောင်း ဒဏ်ရာရ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာရှိ  အန်အယ်လ်ဒီပါတီဝင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးမင်းသိန်းဟာ စက်တင်ဘာ ၈ ရက်  ပါဆယ်ဗုံးနဲ့ တိုက်ခိုက်ခံရလို့  ဒဏ်ရာရရှိသွားပါတယ်။ 

ဦးမျိုးမင်းသိန်းရဲ့ နေအိမ်ကို စက်တင်ဘာ  ၈ ရက် ညနေ ၃ နာရီခွဲလောက်က အမည်မသိသူတစ်ဦးက မြို့မှပေးပို့တဲ့ ပါဆယ်အထုပ်တစ်ထုပ်လာပေးခဲ့ပြီး ပေးပို့သူထွက်သွားပြီးနောက် ပါဆယ်ထုပ်ကနေ ပေါက်ကွဲမှုဖြစ်ကာ  ဦးမျိုးမင်းသိန်းရဲ့ ဝမ်းဗိုက်နဲ့ ခြေလက်မှာ ဒဏ်ရာရရှိခဲ့သလို အတူနေမိသားစုဝင်တချို့လည်း  ဒဏ်ရာရရှိခဲ့​တယ်လို့  ​ဒေသခံတွေက ပြောပါတယ်။

ဗုံး​ပေါက်တဲ့နေအိမ်ကို စစ်တပ်က လာရောက်စစ်ဆေးပြီး လက်လုပ်ဗုံးစမ်းသပ်လို့ ပေါက်ကွဲခဲ့တာလို့  စွပ်စွဲကာ ဆေးဝါးကုသမှုခံယူနေတဲ့ ဦးမျိုးမင်းသိန်းကို  ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။

"စစ်တပ်က အိမ်သွားစစ်တယ်​ပြောပြီး၊ သက်​သေမ​တွေ့ရဘူး၊ ဗုံးခွဲတိုက်ခိုက်ခံရသူကို လက်လုပ်ဗုံး စမ်းတယ်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းထာတယ်”လို့ ရေကြည်​ဒေသခံတစ်ဦးက​ ပြောပါတယ်။

ဦးမျိုးမင်းသိန်းဟာ  စစ်တပ် အာဏာသိမ်းယူပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်ကနေ နုတ်ထွက်ခဲ့သူထားသူဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင်တစ်ဦးလည်းဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုမွေးထားတဲ့ ဧရာ၀တီ အမျိုးသားရေးတပ်ဖွဲ့ကတော့  CRPH ၊NUG ၊PDF များအားထောက်ခံနေသူတွေ၊  ပတ်သက်ဆက်နွှယ်နေသူတွေရဲ့ နေရပ်လိပ်စာတွေကို အမည်စာရင်းပြုစုပြီးဖြစ်ကြောင်းနဲ့ ဒီလူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို နိဂုံးချုပ်ပေးဖို့ အဆင်သင့်ရှိနေပြီလို့ ကြေညာထားပါတယ်။

2 years Ago
Up