အန်အယ်လ်ဒီပါတီ ရပ်ကျေးတာဝန်ခံ

August 20, 2021

အသုတ်မြို့ရှိ အန်အယ်လ်ဒီပါတီ ရပ်ကျေးတာဝန်ခံများကို စစ်တပ် ဖမ်းဆီး

ဧရာဝတီတိုင်း၊ အသုတ်မြို့မှာ ဒလန်နာမည်ထွက်နေသူ တစ်ဦး အသတ်ခံရပြီး​နောက်မှာ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ် ရပ်​ကျေးဥက္ကဋ္ဌတွေကို သြဂုတ် ၁၈ ရက်နဲ့ ၁၉ ရက်နေ့ ညတွေမှာ အာဏာသိမ်းစစ်တပ်က လိုက်လံဖမ်းဆီးနေတယ်လို့   အသုတ်မြို့ခံတစ်ဦးက ပြောပါတယ်။ 

"ဖမ်းခံရသူ​တွေက အန်အယ်လ်ဒီ ရပ်​ကျေးတာဝန်ခံ​တွေ  ညဘက်လာဖမ်းတာ။ စစ်သား ၅၀​ လောက်နဲ့ ဝင်ဖမ်းတာ ဘာ​ကြောင့် ဖမ်းတာလည်း မသိရဘူး။ ဘယ်ကို ဖမ်း​ခေါ်သွားတယ်ဆိုတာ မသိရဘူး"လို သူက ဆို​ပါတယ်။

သြဂုတ် ၁၈ ရက်​ညက အသုတ်မြို့၊ အမှတ် ၄ ရပ်ကွက် အန်အယ်လ်ဒီ ဥက္ကဋ္ဌ နဲ့ အမှတ်ရပ်ကွက် ၃ ဥက္ကဋ္ဌတို့ဖမ်းဆီးခံရပြီး သြဂုတ် ၁၉ ရက်​ညမှာတော့ အမှတ် ၂ ရပ်ကွက်ဥက္ကဋ္ဌနဲ့ ပါတီအမာခံ၂ ဦးကို အာဏာသိမ်းစစ်တပ်က အင်အားအများအပြားနဲ့ နေအိမ်တွေမှာ လာရောက် ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေကို ဘယ်ကိုခေါ်သွား​တယ်လို့ မသိရတဲ့အပြင် မိသားစုဝင်တွေ အနေနဲ့ လည်း ဆက်သွယ်​လို့  မရသေး​ဘူးလို့ သိရပါတယ်။

အသုတ်မြို့မှာ သြဂုတ် ၁၁ ရက်​ မနက်ပိုင်းမှာ ဒလန်လို့ နာမည်ထွက်​နေသူ ဦးဝင်းနိုင်ဦးကို သူ့ဆိုင်​ရှေ့မှာ အနီးကပ်ပစ်သတ်ခံခဲ့ရပြီးနောက်မှာတော့ လုံခြုံရေးတင်းကျပ်ထားပါတယ်။

3 months Ago
Up