အန်အယ်လ်ဒီကိုယ်စားလှယ်လောင်းကိုလက်မခံ

A d v e r t i s e m e n t With Us

January 14, 2021

SNLD နှင့် တွေ့ဆုံနိုင်ရန် ရာခိုင်နှုန်းများဟု အန်အယ်လ်ဒီကိုယ်စားလှယ်အဖွဲ့ပြော

အန်အယ်လ်ဒီနဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)တို့ တွေ့ဆုံဆွေးနိုင်ဖို့ ရာခိုင်နှုန်းများတယ်လို့  ၃ ဦးပါ အန်အယ်လ်ဒီပါ ကိုယ်စားလှယ်အဖွဲ့ဝင်    ဦးအင်ထုံးခါးနော်ဆန်က  ဒီဗွီဘီကို ပြောပါတယ်။ ဦးအင်ထုံးခါးနော်ဆန်က “ တွေ့ဖို့ ရာခိုင်နှုန်းများပါတယ်။ အပြတ်ပြောဖို့ ခက်သေးတယ်။   နေရာကိစ္စပဲ  သူတို့ဘက်ကလည်း စီအီးစီ ပြန်တင်ပြမယ်လို့  သိထားတယ်။ ကျနော်တို့ အစီအစဉ်ကလည်း     ၁၅ ရက်နေ့အထိ    တောင်ကြီးမှာ ရှိပါမယ်။” လို့ ပြောပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) စိုင်းလိတ်ကတော့ တွေ့ဆုံနိုင်ဖို့ နေရာနဲ့ အချိန်ကို နှစ်ဘက် ညှိနှိုင်းနေဆဲဖြစ်ပြီး ဒီနေ့တော့ တွေ့ဆုံပွဲ မဖြစ်လောက်သေးဘူးလို့ ပြောပါတယ်။ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆန်တို့ပါဝင်တဲ့ အန်အယ်လ်ဒီကိုယ်စားလှယ်အဖွဲ့ဟာ ဇန်နဝါရီ ၁၃ ရက် ညနေက တောင်ကြီးမြို့ရှိ အန်အယ်လ်ဒီပါတီရုံးမှာ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ  ရှမ်းပြည်နယ်မှာ   NLD ပါတီက ၃၃ ဦး ၊ SNLD ပါတီက ၂၆ ဦး၊ USDP ပါတီ ၂၄ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) က ၇ ဦး၊ တအာင်း ပလောင်အမျိုးသားပါတီ (TNP) က ၇ ဦး၊ ‘ဝ’ အမျိုးသားပါတီက ၂ ဦး ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၂ ဦး ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက ၁ ဦး၊ ကယန်းအမျိုးသားပါတီက ၁ ဦး ၊ တသီးပုဂ္ဂလ ၂ ဦးတို့ အသီးသီးအနိုင်ရရှိထားပါတယ်။ အန်အယ်လ်ဒီ ကိုယ်စားလှယ်အဖွဲ့ဟာ ရွေးကောက်ပွဲအနိုင်ရထားတဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီနဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  သွားရောက်တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။  ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ ဇန်နဝါရီ ၁၂ရက်က လွိုင်ကော်မှာ တွေ့ဆုံဖို့  သွားရောက်ခဲ့ပေမဲ့ နေရာပြဿနာကြောင့် မတွေ့ဆုံနိုင်ခဲ့သလို မွန်ညီညွတ်ရေးပါတီ(MUP)နဲ့လည်း   ဇန်နဝါရီ ၄ ရက်က မော်လမြိုင်မှာတွေ့ဆုံဖို့စီစဉ်ခဲ့ရာမှာ  နေရာ ညှိနှိုင်းမရတာကြောင့် ဆွေးနွေးပွဲ ပျက်သွားခဲ့ပါတယ်။
2 months Ago

January 1, 2021

အန်အယ်လ်ဒီကိုယ်စားလှယ်အဖွဲ့နှင့် ကချင်ပါတီများတွေ့ဆုံ ဆွေးနွေး 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ကချင်ပြည်နယ်က ပါတီတွေရဲ့ ပထမဆုံးတွေ့ဆုံမှုအတွင်း အမျိုးသားညီညွတ်ရေးဆောင်ရွက်ဖို့ ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။  အန်အယ်လ်ဒီ ထိပ်တန်းခေါင်းဆောင် ၃ ဦးပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ကချင်ပြည်နယ် အခြေစိုက်ပါတီတွေ ဖြစ်တဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ လီဆူအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဟာ ဒီကနေ့ ဇန်နဝါရီ ၁ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ တွေ့ဆုံဆွေးနွေးရာမှာ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးနဲ့ အမျိုးသားညီညွတ်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ကချင်ပြည်နယ်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဒေါက်တာ မနန်တူးဂျာက ပြောပါတယ်။  အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ ကြီးမားတဲ့ ခြေလှမ်းတရပ်ဖြစ်ပြီး ဗဟိုနဲ့ တိုင်းနဲ့ ပြည်နယ်အစိုးရတွေမှာ ပူးပေါင်းဆောင်ရွက်ရေးကို သေချာညှိနှိုင်းလုပ်ဆောင်သွားဖို့ ပြောဆို ခဲ့တယ်လို့  သိရပါတယ်။ ဆွေးနွေးတဲ့အခါမှာ တိုင်းရင်းသားပါတီတွေက သူတို့ကို နေရာပေးဖို့ ပြောဆိုခဲ့တယ်လို့ အန်အယ်လ်ဒီ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။ ဒီတွေ့ဆုံပွဲကနေ တိုင်းရင်းသားပါတီတွေ တင်ပြလာတဲ့အချက်တွေကို အန်အယ်လ်ဒီ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေက ပါတီဗဟိုကို တင်ပြသွားမှာဖြစ်ပါတယ်။ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေဟာ ကချင်ပြည်နယ် အခြေစိုက်ပါတီတွေနဲ့ တွေ့ဆုံပြီးတဲ့အခါ မွန်ပြည်နယ်ကို သွားရောက်ပြီး တိုင်းရင်းသားပါတီတွေနဲ့ ဆက်လက်တွေ့ဆုံဖို့ရှိ ပါတယ်။ 
2 months Ago

အေအေဖမ်းထားသည့် အန်အယ်လ်ဒီကိုယ်စားလှယ် ၃ ဦးနှင့် တပ်မတော်သား ၃ ဦး ပြန်လွတ်လာ

ဖမ်းဆီးခံထားရတဲ့ တောင်ကုတ်မြို့နယ် အန်အယ်လ်ဒီပါတီဝင် ၃ ယောက်နဲ့ တပ်မတော်သား ၃ ယောက်ကို အေအေအဖွဲ့က ပြန်လွှဲပေးလိုက်ပြီး စစ်တွေမြို့ကို ပို့ဆောင်လိုက်ပြီလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အေအေအဖွဲ့က ဖမ်းဆီးခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁ ဦး ရယ်။ တိုက်ပွဲကာလအတွင်းမှာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတဲ့ တပ်မတော်သား ၃ ဦးရယ်ကို အေအေအဖွဲ့တာဝန်ရှိသူတွေက  ရခိုင်ပြည်နယ်ထဲမှာ လုံခြုံရေးတာဝန်ယူနေတဲ့ တပ်မတော်စစ်ကြောင်းတွေကို ယနေ့မွန်းလွဲပိုင်းမှာ လာရောက်လွှဲပြောင်း ပေးခဲ့တယ်။ ခုအချိန်ကို စစ်တွေကို ဆက်လက်ပို့ဆောင်ဆဲဖြစ်တယ်။ စစ်တွေရောက်ရင် သက်ဆိုင်ရာကို တပ်မတော်အနေနဲ့ သက်ဆိုင်ရာကို ဆက်လက်လွှဲပြောင်းပေးသွားမှာဖြစ်ပါတယ် ”လို့ ပြောပါတယ်။ အန်အယ်လ်ဒီပါတီဝင်တွေဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း  ဒေါ်ချစ်ချစ်ချောတို့ဟာ  တောင်ကုတ်မြိုနယ်ဆောင်းခါးကျေးရွာကို မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ ဆောင်ရွက်ရင်း အောက်တိုဘာလက  ဖမ်းဆီးခံရတာပါ။ လွှတ်တော်ကိုယ်စားလှယ် ၃ ယောက် ပြန်လည်လွတ်မြောက်လာတာဟာ တပ်မတော် အနေနဲ့ အေအေအဖွဲ့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တဲ့ ရလဒ်ဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲရေးနဲ့  ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ပိုမိုတိုးတက်လာစေဖို့ ဒီဖြစ်စဉ်တွေက အထောက်အကူဖြစ်စေမယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ၃ ဦးနဲ့ တပ်မတော်သား  ၃ ဦးကို  ဒီကနေ့ ပြန်လွှတ်ပေးဖို့ ရှိနေတယ်လို့  ရက္ခိုင့်တပ်တော်(အေအေ) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကလည်း ဒီဗွီဘီကို အစောပိုင်းက ပြောကြားထားပါတယ်။  
2 months Ago
More News
Up