အန်ဒီမာရေး

December 18, 2021

အန်ဒီမာရေးက နာဒယ်လ်ကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်

အာရတ်စော်ဘွားများနိုင်ငံ ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့မှာ မနေ့က ယှဉ်ပြိုင်သွားတဲ့ ချစ်ကြည်ရေး တင်းနစ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲမှာ ကမ္ဘာ့နံပါတ်တစ် ဖြစ်ခဲ့ဖူးတဲ့ အန်ဒီမာရေးက ရာဖေးနာဒယ်လ်ကို ၆-၃ ၊ ၇-၅ နဲ့ အနိုင်ရသွားပါတယ်။

နာမည်ကျော် တင်းနစ်သမားနှစ်ယောက် ၅ နှစ်ကျော်ကာလမှာ  ပထမဆုံး ပြန်လည်တွေ့ဆုံကြတဲ့ ပွဲလည်း ဖြစ်ပါတယ်။

ဒီပွဲဟာ ဂရန်းစလန်း ချန်ပီယံ အကြိမ် ၂၀ ရဖူးတဲ့ နာဒဲလ်အတွက် ၄ လအတွင်း ပထမဆုံး ပြန်ကစားတဲ့ပွဲလည်း ဖြစ်ပါတယ်။

ဒူးခေါင်းဒဏ်ရာကြောင့်  နာဒယ်လ်ဟာ ဝင်ဘယ်တန်၊ တိုကျိုအိုလံပစ်နဲ့ ယူအက်စ်အိုးပင်းတို့မှာ ဝင်မပြိုင်နိုင်ခဲ့ပါဘူး။

အနိုင်ရတဲ့ မာရေးဟာ ရုရှားတင်းနစ်သမား အန်ဒရေးရူဘလက်နဲ့ ဗိုလ်လုပွဲမှာ တွေ့ရမှာဖြစ်ပြီး ရှုံးသွားတဲ့ နာဒယ်လ်ကတော့ ကနေဒါ တင်းနစ်သမား ဒန်းနစ်ရှာပိုဘောလော့ဗ်နဲ့ တတိယနေရာအတွက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

12 months Ago

October 23, 2021

တင်းနစ်အကျော်အမော် အန်ဒီမာရေး ယူရိုပီယံအိုးပင်းပြိုင်ပွဲ၌ ရှုံးနိမ့်ပြီး ထွက်ခဲ့ရ

ကမ္ဘာ့ နံပါတ်တစ် ဖြစ်ခဲ့ဖူးတဲ့ ဗြိတိန် တင်းနစ် အကျော်အမော် အန်ဒီမာရေးဟာ ယူရိုပီယံ အိုးပင်းပြိုင်ပွဲ ဒုတိယအကျော့ကနေ ထွက်သွားရပါတယ်။

အာဂျင်တီးနားက ပြိုင်ဘက် Diego Schwartzman နဲ့ ပွဲမှာ ၆-၄၊ ၇-၆ (၆) နဲ့ ရှုံးသွားတဲ့ မာရေးက ဒီပွဲမှာ စိတ်ဓာတ်ပိုင်းအားနည်းပြီး ဆုံးဖြတ်ချက်တွေလည်း မှားခဲ့တယ်လို့ ပွဲအပြီးမှာ ပြောပါတယ်။

၂၀၁၉ ခုနှစ်က ယူရိုပီယံအိုးပင်း ဖိုင်နယ်ဆုဖလားကို ရခဲ့ဖူးတဲ့ မာရေးဟာ လောလောဆယ်မှာ ကမ္ဘာ့အဆင့် ၁၇၂ ဖြစ်ပါတယ်။

သူဟာ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တို့မှာ ခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက် အရင် ချန်ပီယံလက်စွမ်းကို ပြန်မရနိုင်တော့ဘဲ ဖြစ်နေတာပါ။

ပွဲအပြီးမှာ မာရေးက ပွဲကစားနေချိန်မှာ သူ့ စိတ်ပိုင်းဆိုင်ရာ အလွန်အားနည်းခဲ့သလို၊ ကွင်းနဲ့ အံဝင်ခွင်ကျ မဖြစ်တာကြောင့် ဆုံးဖြတ်ချက်တွေ မှားခဲ့တယ်လို့ ပြောပါတယ်။

မာရေးဟာ ဒီနှစ် ဝင်ဘယ်တန်မှာ တတိယအကျော့အထိ တက်နိုင်ခဲ့ပေမဲ့ ယူအက်စ် အိုးပင်းကနေလည်း ပထမအကျော့နဲ့ပဲ ထွက်ခဲ့ရပါတယ်။

1 year Ago
More News
Up