အန်ဒီမာရေ

August 27, 2020

မက်ဆီကို ပရီးမီးယားလိဂ်တွင် မြင်တွေ့လိုဟု ဗြိတိန်တင်းနစ်သမား အန်ဒီမာရေး ပြော

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို ပရီးမီးယားလိဂ်မှာ မြင်တွေ့ချင်တယ်လို့ ဗြိတိန်တင်းနစ်ကစားသမား အန်ဒီမာရေးက ပြောလိုက်ပါတယ်။  မက်ဆီဟာ ဘာစီလိုနာနဲ့ အနာဂတ် မတည်မငြိမ်ဖြစ်နေပြီး အသင်းပြောင်းရွှေ့ဖို့ တောင်းဆို ထားတယ်လို့ သတင်းထွက်ပေါ်နေတာပါ။  မန်စီးတီး၊ မန်ယူ၊ ချဲလ်ဆီးအသင်းတွေနဲ့လည်း သတင်းထွက်ပေါ်နေချိန်မှာ မက်ဆီကို ပရီးမီးယားလိဂ်မှာ မြင်တွေ့ချင်တယ်လို့ ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား အန်ဒီမာရေးက ပြောခဲ့တာပါ။  အာဆင်နယ်ပရိသတ်တဦးဖြစ်ပေမယ့် မက်ဆီ ပြောင်းရွှေ့လာမယ်လို့ မထင်ကြောင်း၊ ပရီးမီးယားလိဂ်က ဘယ်အသင်းဆီပဲ ပြောင်းရွှေ့လာလာ မက်ဆီကို အားပေးသွားမယ်လို့ ဆိုပါတယ်။  မက်ဆီလာရောက်ကစားမယ်ဆိုရင် ပရီးမီးယားလိဂ်အတွက် ကြီးကျယ်ခန်းနားစရာ ဖြစ်ကြောင်းနဲ့ မက်ဆီနဲ့ ဘာစီလိုနာအသင်းရဲ့ကစားပုံတွေကို   မကြာခဏ ကြည့်ရူခဲ့ဖူးတယ်လို့ အန်ဒီမာရေးက ပြောကြားခဲ့ပါတယ်။ 
9 months Ago

June 25, 2020

ဂျိုကိုဗစ် ဗိုင်းရပ်စ်ကူးစက်ခံရမှုအပေါ် အန်ဒီမာရေး ဝေဖန်

ကမ္ဘာ့နံပါတ်တစ် တင်းနစ်သမား ဂျိုကိုဗစ်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိခဲ့တဲ့တာဟာ အံ့အားသင့်စရာမဟုတ်ဘူးလို့ ဗြိတိန်တင်းနစ်ကစားသမား အန်ဒီမာရေးက ဝေဖန်လိုက်ပါတယ်။  ဆားဘီးယားသား ဂျိုကိုဗစ်ဟာ ဆားဘီးယား၊ ခရိုအေးရှား စတဲ့ ဘောလ်ကန်ဒေသက နိုင်ငံတွေမှာ ချာရတီ တင်းနစ်ဖိတ်ခေါ်ပြိုင်ပွဲကို ဦးဆောင် ကျင်းပနေတာပါ။ အဲဒီအတောအတွင်းမှာ ကစားသမားတွေနဲ့ ပါတီပွဲတွေလုပ်ခဲ့ပြီး ခပ်ခွာခွာ နေရမယ့် စည်းမျဉ်းကို မလိုက်တာခဲ့တာကြောင့် ဗိုင်းရပ်စ်ပိုးကူးစက်ခံခဲ့ရတာဟာ မထူးဆန်းဘူးလို့ မာရေးက ဝေဖန်ခဲ့ပါတယ်။  ဂျိုကိုဗစ်နဲ့အတူ ဒီမီထရော့ဗ်နဲ့ တခြားကစားသမား ၂ ဦးဟာလည်း ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး အမြန်ဆုံးပြန်လည်သက်သာလာပါစေကြောင်း အန်ဒီမာရေးက ဆုတောင်းစကား ပြောပါတယ်။  ဂျိုကိုဗစ်ကတော့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း ဝန်ခံခဲ့သလို ပြိုင်ပွဲဆက်လက် မကျင်းပနိုင်တဲ့အပေါ်မှာလည်း ဝမ်းနည်းမိပြီး အက်ရီယာ တင်းနစ်ပွဲကို ကြည့်ရူခဲ့တဲ့ သူတွေအနေနဲ့ ဗိုင်းရပ်စ်ပိုး စစ်ဆေးဖို့နဲ့ ခပ်ခွာခွာနေထိုင်ကြဖို့လည်း တိုက်တွန်းသွားခဲ့ပါတယ်။
11 months Ago
Up