အန်ဒရီယာဂက်ဇ်

October 7, 2020

စကြဝဠာတွင်းနက်အကြောင်း ဖော်ထုတ်ခဲ့သည့် ပညာရှင် ၃ ဦး ရူပဗေဒဆိုင်ရာ နိုဘယ်ဆုရ

ဗြိတိန်နိုင်ငံသား ရိုဂျာပန်ရို့စ်နဲ့ ရိန်းဟာ့ဒ်ဂန်ဇယ်၊ ဂျာမန်နဲ့ အမေရိကန် နိုင်ငံသား နှစ်မျိုး ခံယူထားသူ အန်ဒရီယာဂက်ဇ်တို့ဟာ စကြဝဠာထဲက အထူးခြားအဆန်းပြားဆုံး ဖြစ်စဉ် တွင်းနက်ကြီးရဲ့ အကြောင်းကို ရှာတွေ့ဖော်ထုတ်နိုင်မှုအတွက် ၂၀၂၀ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို ရရှိတဲ့အကြောင်း ဆုပေးရေးအဖွဲ့က အောက်တိုဘာ ၆ ရက်မှာ ကြေညာပါတယ်။ တွင်းနက်ကြီးတွေဟာ နှိုင်းရသီအိုရီရဲ့ တိုက်ရိုက် နောက်ဆက်တွဲဖြစ်စဉ် ဆိုတဲ့အချက်ကို သင်္ချာနည်းကို သုံးပြီး အတည်ပြုခဲ့တဲ့ သူ့အားထုတ်မှုအတွက် အောက်စ်ဖို့ဒ်တက္ကသိုလ် ပါမောက္ခ ပန်ရို့စ်ဟာ နိုဘယ်ဆုရဲ့ တဝက်ကို ချီးမြှင့်ခံရပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်က ဂန်ဇယ်နဲ့ ဂက်ဇ်တို့ကတော့ ကမ္ဘာဂြိုဟ်ရှိရာ နဂါးငွေ့တန်း ဂလက်ဆီထဲက ကြယ်တွေရဲ့ ဝင်ရိုးတွေကို မမြင်ရဘဲ အဆုံးစွန်ကြီးမားတဲ့ တွင်းနက်ကြီးက လွှမ်းမိုးထိန်းချုပ်ထားတယ် ဆိုတာကို ရှာတွေ့ခဲ့လို့ နိုဘယ်ဆု တဝက်ကို မျှဝေရရှိခဲ့ပါတယ်။ ဂက်ဇ်ဟာ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုရတဲ့ လေးယောက်မြောက် အမျိုးသမီးဖြစ်ပြီး တခြား အမျိုးသမီးတွေ သူ့နယ်ပယ်ထဲ ဝင်ရောက်ဖို့ စိတ်အားထက်သန်လာရေး မျှော်လင့်ထားတယ်လို့ ပြောပါတယ်။ ကြယ်စုတန်းအလယ်က မမြင်ရဘဲ အင်မတန်ကြီးတဲ့ တွင်းနက်ကြီးကို ဘယ်လို ရှာတွေ့တာလဲလို့ မေးရာမှာ ဂက်ဇ်က ပထမဆုံးကိစ္စက သံသယပဲလို့ ပြောပါတယ်။ ကိုယ်မြင်တဲ့ အရာကို အမြဲ မေးခွန်းထုတ်နေရချိန်မှာ သုတေသနရဲ့ နယ်ပယ်သစ် ဆိုတာကို ခံစားရတယ်လို့လည်း သူက နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီက ဖုန်းဆက်ချိန်မှာ ပြောပါတယ်။
7 months Ago
Up