အန်တွန်နီဟေး

October 23, 2019

နည်းပြသစ် အန်တွန်နီဟေးနှင့် မြန်မာ့လက်ရွေးစင်အသင်း၏ လေ့ကျင့်မှု ပုံရိပ်များ

အာရှဖလားခြေစစ်ပွဲ အပါအဝင် နိုင်ငံတကာပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရှိနေတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းဟာ အသစ်ပြန်လည်ခန့်အပ်လိုက်တဲ့ ဂျာမန်လူမျိုးနည်းပြ အန်တွန်နီဟေးနဲ့ စတင်လေ့ကျင့်နေပါတယ်။
2 years Ago

နည်းပြသစ် အန်တွန်နီဟေးကို ၂ နှစ်စာချုပ်ချုပ်ဆိုမည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF ဟာ နည်းပြ အန်တွန်နီဟေးကို ၂ နှစ် သက်တမ်းရှိ စာချုပ်နဲ့ ခန့်အပ်သွားမယ်လို့ သိရပါတယ်။ ဂျာမနီနည်းပြ အန်တွန်နီဟေးဟာ ထုတ်ပယ်လိုက်တဲ့ နည်းပြ ရာဒူလိုဗစ်ရဲ့ နေရာမှာ တာဝန်ယူသွားမှာပါ။  ၂၀၁၈ ခုနှစ် မေလကနေ ဒီဇင်ဘာလအထိ တာဝန်ယူခဲ့တဲ့ အန်တွန်နီဟေးဟာ ဆူဇူကီးဖလားအုပ်စု နောက်ဆုံးပွဲစဉ်မှာ မလေးရှားအသင်းကို ဂိုးပြတ် ရှုံးနိမ့်ပြီးနောက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။ သူ့အနေနဲ့  ဆူဇူကီးဖလားမှာ ရလဒ်မကောင်းရင် ရာထူး အပြောင်းအလဲ ဖြစ်ဦးမလားဆိုတာတော့ ဘောလုံးက အမြဲပြောင်းလဲနေတာ ဖြစ်လို့ ဘယ်လို ဖြစ်မလဲ မသိသေးကြောင်း၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။ လက်ရှိအချိန်မှာ MFF က ပြန်လည်ခေါ်ယူလိုက်တဲ့ အန်တွန်နီဟေးဟာ လက်ရွေးစင် ကစားသမားစာရင်းကိုလည်း ၃၅ ဦးနဲ့ ပြန်လည်ရွေးချယ်ထားပြီး အောက်တိုဘာ ၂၂ ရက် ညနေပိုင်းမှာ ပထမဆုံး လေ့ကျင့်ခန်းအစီအစဉ်တွေ ပြုလုပ်မှာ ဖြစ်ပါတယ်။
2 years Ago
Up