အန်စလော့တီ

A d v e r t i s e m e n t With Us

December 23, 2020

၂၀၁၃ ခုနှစ်တွင် မန်ယူနည်းပြရာထူးအတွက် ဖာဂူဆန်က အန်စလော့တီနှင့် ဆွေးနွေးခဲ့

ယူနိုက်တက်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ဟာ သူ အသင်းကမထွက်ခင်မှာ နည်းပြအန် စလော့တီကို ခန့်အပ်ဖို့ စကားပြောခဲ့တယ်လို့ သိရပါတယ်။  လက်ရှိ အဲဗာတန်အသင်းနည်းပြအဖြစ် တာဝန်ယူနေတဲ့ အီတလီနည်းပြ အန်စလော့တီကိုယ်တိုင် ဝန်ခံပြောပြခဲ့တာပါ။  ၂၀၁၂-၂၀၁၃ ရာသီအကုန်မှာ နည်းပြဖာဂူဆန်က အသင်းကနေ ထွက်ခွာဖို့ဆုံးဖြတ်ပြီးတော့ အန်စလော့တီနဲ့ အစားထိုးဖို့ ဆွေးနွေးခဲ့တာပါ။  အဲဒီအချိန်မှာ နည်းပြအန်စလော့တီက ရီးရဲလ်မက်ဒရစ်နဲ့ သဘောတူညီမှုရပြီး ဖြစ်တာကြောင့် ဖာဂူဆန်ရဲ့ ကမ်းလှမ်းချက်ကို လက်မခံခဲ့တာဖြစ်ပြီး ဖာဂူဆန်ရဲ့ ကမ်းလှမ်းချက်အပေါ် ဂုဏ်ယူအသိအမှတ်ပြုကြောင်း နည်းပြအန်စလော့တီက ပြောပါတယ်။  မန်ယူအသင်းဟာ အန်စလော့တီနဲ့ အဆင်မပြေခဲ့တဲ့နောက်မှာ စကော့တလန်နည်းပြ ဒေးဗစ်မိုယက်စ်ကို ခန့်အပ်ခဲ့တာပါ။  နည်းပြကြီးဖာဂူဆန်ဟာ ၂၀၁၅ ခုနှစ်မှာလည်း အန်စလော့တီကို ခန့်အပ်ဖို့ နောက်တစ်ကြိမ်စကား ပြောခဲ့ဖူးတယ်လို့ သိရပါတယ်။  အန်စလော့တီရဲ့ အဲဗာတန်အသင်းဟာ ဒီကနေ့ညမှာ ကာရာဘောင်ပွဲစဉ်အဖြစ် မန်ယူအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။
2 months Ago

November 2, 2020

အန်စလော့တီနှင့် ဂျိမ်းရိုဒရီဂွက်ဇ်တို့ရှိသည့် အဲဗာတန်ကိုပြောင်းရန် အစ္စကို စိတ်ဝင်စား

ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ အစ္စကိုဟာ လာမယ့်အပြောင်းအရွှေ့မှာ အဲဗာတန်အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အဲဗာတန်အသင်းမှာ ရီးရဲလ်ကွင်းလယ်လူဟောင်း ဂျိမ်းရိုဒရီဂွက်ဇ်က ခြေစွမ်းပြသနေပြီး နည်းပြအန်စလော့တီနဲ့ အစ္စကိုတို့ဟာလည်း မက်ဒရစ်မှာ အတူလက်တွဲခဲ့ကြဖူးပါတယ်။  Mirror သတင်းစာရဲ့အဆိုအရ အသက် ၂၈ နှစ်အရွယ် အစ္စကိုဟာ မက်ဒရစ်ကလပ်မှာ ပုံမှန်ပွဲထွက်မရတာကြောင့် စပိန်လက်ရွေးစင်မှာ ရွေးချယ်ခံရဖို့အတွက် ပုံမှန်ပွဲထွက်ခွင့် အလိုရှိနေတယ်လို့ သိရပါတယ်။ အစ္စကိုကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေကတည်းက အာဆင်နယ်၊ ဂျူဗင်တပ်စ်နဲ့ ဆီဗီလာအသင်းတွေက စိတ်ဝင်စားခဲ့ဖူးပါတယ်။ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက အစ္စကိုကို အသုံးမပြုတာကြောင့် ရောင်းချဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။  အစ္စကိုဟာ အန်စလော့တီနဲ့အပြင် ဂျိမ်းရိုဒရီဂွက်ဇ်နဲ့လည်း တွဲဖက်ကစားခဲ့ဖူးပါတယ်။ အစ္စကိုအတွက် ပြောင်းရွှေ့ကြေးကိုတော့ ပေါင် ၁၈ သန်း သတ်မှတ်ထားပါတယ်။
4 months Ago
More News
Up