အန်​အယ်​လ်​ဒီပါတီဗဟိုအဖွဲ့နှင့်​​ဆွေး​နွေးရန်​ ကရင်​နီလူငယ်​များ သပိတ်​စခန်းဖွင့်​စောင့်ဆိုင်း

February 3, 2019

အန်​အယ်​လ်​ဒီပါတီဗဟိုအဖွဲ့နှင့်​​ဆွေး​နွေးရန်​ ကရင်​နီလူငယ်​များ သပိတ်​စခန်းဖွင့်​စောင့်ဆိုင်း

အန်​အယ်​လ်​ဒီပါတီ ဗဟိုအဖွဲ့ဝင်​​တချို့ ကယား(ကရင်​နီ)ပြည်​နယ်​ကို ​​ရောက်​ရှိ​နေ တာ​ကြောင့် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ ပတ်သက်ပြီး​ တွေ့ဆုံ​ဆွေး​နွေးခွင့်ရ​ဖို့ ကရင်​နီလူငယ်​​တွေက ပြည်​နယ် ​အန်​အယ်​လ်​ဒီရုံး​ရှေ့မှာ သပိတ်​စခန်းဖွင့်​ စောင့်​ဆိုင်း​နေ ကြပါတယ်​။ ကရင်​နီလူငယ်​အင်​အားစု သပိတ်​​ကော်​မတီရဲ့ ​ပြော​ရေးဆိုခွင့်ရှိသူ ကိုဒီးဒီစစ်​မုန်းက “ဒီမှာ​ရောက်​ရှိ​နေတဲ့ အန်အယ်လ်ဒီ ဗဟိုက​ပေါ့​နော်​။ ​ရောက်​ရှိ​နေတဲ့သူကို ကျ​နော်​တို့​ တွေ့ချင်​တယ်​။ ပြည်​နယ်​အစိုးရရဲ့ စီမံခန့်​ခွဲမှု အလွဲ​တွေ၊ အရပ်​ဘက်​အဖွဲ့​တွေနဲ့ လူငယ်​​တွေကို ဖိနှိပ်​​နေတဲ့ဟာ​တွေ၊ ​နောက်​ကန့်​ သတ်​နယ်​​မြေစတဲ့ မတရားတဲ့ အမိန့်​နဲ့ ပတ်​သက်​တာနဲ့ ​နောက်​​ကြေးရုပ်​ကိစ္စ​ပေါ့​နော်​။ အဲဒါ​တွေ ​ပြော​ဖို့ ကျ​နော်​တို့ သပိတ်​ထိုင်​ရခြင်းဖြစ်​ပါတယ်​။" လို့ ဒီဗွီဘီကို ​ပြောပါတယ်​။ အန်​အယ်​လ်​ဒီပါတီက ​ပြော​ရေးဆိုခွင့်ရှိသူ ​ဒေါက်​တာမျိုးညွှန့်​နှင့်အတူ အခြားဗဟိုအဖွဲ့ဝင်​ တချို့ ​ရောက်​ရှိ​နေလို့ ပြည်သူ​တွေရဲ့ အသံကို အမှန်​တကယ်​ ကြားသိစေလိုတာ​ကြောင့် ခုလို သပိတ်​စခန်းဖွင့်​စောင့်ဆိုင်းရတာ​လို့လည်း ဆိုပါတယ်​။ မ​နေ့ မနက်​ပိုင်းက လွိုင်​​ကော်​မြို့မှာ ဗိုလ်​ချုပ်​​ကြေးရုပ်​​ထောက်​ခံပွဲနဲ့ ​ကြေးရုပ်​ဖွင့်ပွဲ ပြုလုပ်​ အပြီးမှာ​တော့ ကရင်​နီလူငယ်​​တွေက အန်​အယ်​လ်​ဒီဗဟိုအဖွဲ့နဲ့ ​တွေ့ဆုံဖို့ ညအိပ် ​​စောင့်ဆိုင်းခဲ့ပြီး ​တွေ့ခွင့်မရ​သေးတာ​ကြောင့် ခုမနက်​မှာ​တော့ သပိတ်​စခန်းဖွင့်ပြီး ထပ်​မံ​စောင့်ဆိုင်းနေကြတာ ဖြစ်​ပါတယ်​။ ပြီးခဲ့တဲ့ ​​ဇန်​နဝါရီလ ၃၁ ရက်​​နေ့က လွို​ကော်​မြို့ရှိ ဂန္ဒာ​ဟေဝန်​ပန်းခြံမှာ ဗိုလ်​ချုပ်​​ကြေးရုပ်​ထားရှိမှာကို ထိုင်​သပိတ်​ဆင်​ ကန့်​ကွက်​ဆန္ဒပြခဲ့တဲ့ ကရင်​နီလူငယ်​ ၂၀ ဦးဟာ ငြိမ်းစုစီဥပ​ဒေ ပုဒ်​မ (၁၉)နဲ့ တရားစွဲဆို ခံထားရတာဖြစ်​ပါတယ်​။ သတင်း၊ ဓာတ်​ပုံ- ခွန်းတူးတူး​လေး
2 years Ago
Up